မန်ယူအသင်း၏ ကွင်းလယ်လူ ပေါ့ဘာက ယခုရာသီသည် သူ၏ ကစားသမားဘဝတွင် အခက်ခဲဆုံးရာသီ တစ်ခုဖြစ်ပြီး ပြင်သစ်အသင်းတွင် ကစားရသည့်အချိန်များသည် အားအင်ပြန်လည်ပြည့်ဝရန် လေကောင်းလေသန့် ရှူရှိုက်ရသည့် အချိန်များဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပေါ့ဘာသည် မန်ယူအသင်းသို့ ရောက်ရှိလာချိန်ကတည်းက အသင်း၏ အဓိကကစားသမားအဖြစ် အရေးပါသည့် အခန်းကဏ္ဍတွင် ရှိခဲ့သော်လည်း ဘရူနိုဖာနန်ဒက်စ် ရောက်ရှိလာချိန်ကတည်းက အရေးပါမှုလျော့ကျလာခဲ့သည်။
သူသည် ခံစစ်ကို ပိုမိုထောက်ကူရသည့် ကစားသမားဖြစ်လာခဲ့ပြီး ခံစစ်ပိုင်းအတွက်လည်း တွမ်မီနေး၊ ဖရက်ဒ်၊ မာတစ်တို့နှင့် နေရာလုနေရသည့်အတွက် ပွဲကစားချိန်လည်း လျော့ကျလျက်ရှိသည်။
ပေါ့ဘာကစားနေရသည့် အနေအထားနှင့်ပတ်သက်ပြီး ပြင်သစ်အသင်းနည်းပြ ဒေးရွှမ့်က မန်ယူအသင်းနည်းပြ ဆိုးလ်ရှားကို ဝေဖန်ခဲ့ပြီး၊ ယခုအချိန်တွင်လည်း ပေါ့ဘာက "ကျွန်တော့်ရဲ့ ကစားသမားဘဝမှာ ဘယ်တုန်းကမှ ဒီလောက်အထိ မခက်ခဲခဲ့ဖူးပါဘူး။ ပြင်သစ်အသင်းအတွက် ကစားနေရတဲ့အချိန်တွေမှာ လေကောင်းလေသန့်ရှူပြီး အားမွေးနေရပါတယ်။ ပြင်သစ်အသင်းမှာ ကစားနေရတဲ့ အစုအဖွဲ့က ထူးခြားပြီး မှော်ဆန်ပါတယ်"ဟု ပြင်သစ်သတင်းဌာနတစ်ခုဖြစ်သည့် RTL France နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
