အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းနှင့် ဂါဘွန်အသင်းဖော်များသည် ဂမ်ဘီယာလေဆိပ်တွင် ညအိပ်ခဲ့ရကြောင်း သိရသည်။
ဂါဘွန်အသင်းသည် အာဖရိကနိုင်ငံများဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ကစားရန် ဂမ်ဘီယာနိုင်ငံသို့ ထွက်ခွာလာရာ လေဆိပ်တွင် ၎င်းတို့အား ခရီးဆက်ခွင့်မပေးဘဲ တာဝန်ရှိသူများက ထိန်းသိမ်းထားခဲ့ခြင်းကြောင့် လေဆိပ်တွင် ညအိပ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအခြေအနေကို ဂါဘွန်လက်ရွေးစင်အသင်းခေါင်းဆောင် အူဘာမီယန်းက ဗီဒီယိုမှတ်တမ်းဖြင့် လူမှုကွန်ရက်တွင် ဖော်ပြကာ မိမိတို့ကို ဓားစာခံများကဲ့သို့ ပြုမူဆက်ဆံခဲ့ကြောင်း ရေးသားခဲ့သည်။
အူဘာမီယန်းအပါအဝင် ဂါဘွန် လက်ရွေးစင်ကစားသမားများသည် ဂမ်ဘီယာ လေဆိပ်တွင် ည(၁၁)နာရီမှ နံနက်(၆)နာရီ ဝန်းကျင်အထိ အချိန်ကုန်ခဲ့ရပြီး ၎င်းတို့၏ ပတ်စ်ပို့တ်များကို လေဆိပ်တာဝန်ရှိသူများက သိမ်းဆည်းထားခဲ့ကြောင်းလည်း သိရသည်။
အူဘာမီယန်းက ယခုကဲ့သို့ ပြုမူဆက်ဆံခဲ့ခြင်း၏ အကြောင်းရင်းကို သိရှိလိုသည်ဟု မေးခွန်းထုတ်ခဲ့သော်လည်း မိမိတို့ကို စိတ်ပိုင်းဆိုင်ရာအရ တွန်းအားပေးခဲ့သည့်အတွက် ကျေးဇူးတင်သည်ဟုလည်း ရေးသားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
