■ စပိန် ၆-၀ ဂျာမနီ
စပိန်အသင်းဟာ Nations League ဖိုင်နယ်အဆင့်တက်ရောက်ရေးအတွက် အဆုံးအဖြတ်ပွဲမှာ ဂျာမနီအသင်းကို ဂိုးဒါဇင်ဝက်သွင်းပြီး ခြေပြတ်ဂိုးပြတ် အနိုင်ယူခဲ့တာပါ။
စပိန်အသင်းဟာ တိုက်စစ်မှာ မိုရာတာကို အထောင်ထားပြီး ၄-၅-၁ ကစားကွက်နဲ့ ပွဲထွက်ခဲ့ကာ တောင်ပံတွေမှာတော့ ဖယ်ရန်တောရက်စ်နဲ့ အိုလ်မိုတို့ ကစားခဲ့ပါတယ်။ ဂျာမနီကတော့ ၄-၃-၃ ကစားကွက်နဲ့ ပွဲထွက်ခဲ့ပြီး တိုက်စစ်မှာ ဗာနာ၊ ဂနာဘရီနဲ့ ဆာနေးတို့ ပွဲထွက်လာခဲ့ပါတယ်။
ကိုကေ၊ ရိုဒရီတို့ ဦးဆောင်တဲ့ စပိန်ကွင်းလယ်ဟာ ဂျာမနီကွင်းလယ်ကို လွှမ်းမိုးနိုင်ခဲ့ပြီး ပွဲစကတည်းက ဖိကစားခဲ့ကာ ဂိုးသွင်းခွင့်တွေလည်း တောက်လျှောက်ရခဲ့ပါတယ်။
စပိန်အတွက် အဖွင့်ဂိုးကို ပွဲချိန် (၁၇) မိနစ်မှာ ဖာဘီယန်ရုဇ်ရဲ့ ထောင့်ကန်ဘောကနေ မိုရာတာက အပိုင်ခေါင်းတိုက်ပြီး ရယူခဲ့တာပါ။ အဖွင့်ဂိုးရသွားပြီးနောက်မှာ စပိန်ကစားပုံ ပိုကောင်းလာပြီး ဂျာမနီကို တစ်ဖက်သတ် ဖိကစားခဲ့ပါတယ်။
စပိန်အတွက် ဒုတိယဂိုးကတော့ ပွဲချိန် (၃၃) မိနစ်မှာ ဂျာမနီဂိုးသမား ပုတ်ထုတ်လို့ ပြန်ထွက်လာတဲ့ ဘောလုံးကို ဖယ်ရန်တောရက်စ်က ကန်သွင်းယူခဲ့ပါတယ်။ ဒုတိယဂိုးရပြီး (၅)မိနစ်အကြာဖြစ်တဲ့ ပွဲချိန် (၃၈)မိနစ်မှာ ရိုဒရီ ခေါင်းတိုက်ကာ စပိန်အတွက် တတိယဂိုး သွင်းယူခဲ့လို့ ပထမပိုင်းအပြီးမှာ စပိန်က (၃-ဝ)ဂိုးနဲ့ အနိုင်ရနေခဲ့တာပါ။
ပထမပိုင်းပြီးခါနီးမှာ စပိန်အသင်းခေါင်းဆောင် ရာမို့စ် ဒဏ်ရာကြောင့် လူစားလဲခဲ့ရပြီး ဂျာမနီကတော့ ပထမပိုင်းမှာ စပိန်အသင်းကို ဂိုးပေါက်ခြိမ်းခြောက်မှုတောင် ပြုလုပ်နိုင်ခြင်း မရှိခဲ့ပါဘူး။
ဒုတိယပိုင်းမှာလည်း စပိန်အသင်းကလည်း ဖိကစားခဲ့ပြီး ပွဲချိန် (၅၅) မိနစ်မှာ ဂါယာရဲ့ ပေးပို့မှုကနေ ဖယ်ရန်တောရက်စ်က ဂိုးသမားနဲ့ အနီးကပ်အနေအထားကနေ ကန်သွင်းယူခဲ့တာပါ။
(၄)ဂိုးပြတ်နိုင်နေပေမဲ့ စပိန်အသင်းဟာ ကစားကွက် မချဘဲ ဂျာမနီအသင်းကို လွှမ်းမိုးကစားသွားခဲ့ပြီး ပွဲချိန် (၇၁) မိနစ်မှာတော့ ဖာဘီယန်ရုဇ်ရဲ့ ပေးပို့မှုကနေ ဖယ်ရန်တောရက်စ်က စပိန်အတွက် ပဉ္စမမြောက်ဂိုးကို ဧရိယာထိပ်ကနေ ကန်သွင်းယူခဲ့တာပါ။
ဒီဂိုးဟာ ဖယ်ရန်တောရက်စ်အတွက် စပိန်ကစားသမားဘ၀ ပထမဆုံးဟက်ထရစ်သွင်းဂိုးလည်း ဖြစ်လာခဲ့ပါတယ်။ ကျန်ပွဲချိန်တွေမှာလည်း စပိန်အသင်းဟာ ပွဲချိန်ထိန်းချုပ်ကစားသွားခဲ့ပြီး ပွဲချိန် (၈၉)မိနစ်မှာ အော်ယာဇာဘယ်လ်က စပိန်အတွက် နောက်ဆုံးအနိုင်ဂိုးကို သွင်းယူခဲ့တာကြောင့် စပိန်အသင်းဟာ ပွဲအပြီးမှာ ဂျာမနီကို (၆-ဝ)ဂိုးနဲ့ အနိုင်ခဲ့ပါတယ်။
ဒါကြောင့် စပိန်အသင်းဟာ League A - Group 4 မှာ ရမှတ် (၁၁) မှတ်နဲ့ အဆင့် (၁)နေရာကို ရယူနိုင်ခဲ့ပြီး League A - Group 3 က ပြင်သစ်အသင်းနဲ့အတူ Nations League ဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
■ UEFA Nations League ပွဲစဉ်များ ရလဒ်
ခရိုအေးရှား ၂-၃ ပေါ်တူဂီ
ပြင်သစ် ၄-၂ ဆွီဒင်
စပိန် ၆-၀ ဂျာမနီ
လူဇင်ဘတ် ဝ-၀ အဇာဘိုင်ဂျန်
မွန်တီနီဂရိုး ၄-၀ ဆိုက်ပရပ်စ်
အန်ဒိုရာ ဝ-၅ လတ်ဗီးယား
မော်လ်တာ ၁-၁ ဖာရိုးကျွန်းစုများ
ဂျီဘရော်လ်တာ ၁-၁ လက်ချင်စတိန်း
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
