Top News

အဒါမာထရာအိုရေးအား စာချုပ်သစ်ချုပ်ဆိုရန်အတွက် ဆွေးနွေးမှုများကို ဝုလ်ဗ်အသင်း ရပ်ဆိုင်း 
24htopnews | November 26, 2024 6:12 PM CST

ဝုလ်ဗ်အသင်းသည် အသင်း၏ စပိန်တောင်ပံကစားသမား ထရာအိုရေးအား စာချုပ်သစ်ချုပ်ဆိုရန်အတွက် ဆွေးနွေးမှုများကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း Goal.com က ဖော်ပြခဲ့သည်။ 

အသက် (၂၄)နှစ်အရွယ်ရှိ အဒါမာထရာအိုရေး၏ လက်ရှိစာချုပ်မှာ ၂၀၂၃ ခုနှစ်တွင်မှ ကုန်ဆုံးမည်ဖြစ်သော်လည်း ဝုလ်ဗ်အသင်းသည် ၎င်းကို နှစ်ရှည်စာချုပ်ချုပ်ဆိုရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ သို့သော် အဒါမာထရာအိုရေးသည် အသင်းတွင် ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေခြင်းကို စိတ်ပျက်နေပြီး စာချုပ်သစ်ကိစ္စအတွက် ဆွေးနွေးရာတွင် အဆင်မပြေသဖြင့် ဝုလ်ဗ်အသင်းက ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ 

အဒါမာထရာအိုရေးသည် စက်တင်ဘာလကုန်ပိုင်းက ကစားခဲ့သည့် ဝက်စ်ဟမ်းအသင်းအား (ဝ-၄)ဂိုးဖြင့် နောက်ဆုံးအဖြစ် ပွဲထွက်ခွင့်ရခဲ့ပြီး ယင်းနောက် ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် (၅)ပွဲတွင် လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရခဲ့ခြင်းဖြစ်သည်။ 

ဝုလ်ဗ်အသင်းနည်းပြ နူနိုဆန်တိုသည် ယခုရာသီတွင် အသင်း၏တောင်ပံနေရာများ၌ ပိုဒန်နှင့် နေတိုတို့ကို ဦးစားပေးအဖြစ် အသုံးပြုနေပြီး အဒါမာထရာအိုရေးကို အရန်အဖြစ်သာ အသုံးပြုလျက်ရှိသည်။ 

အဒါမာထရာအိုရေးသည် ယင်းအခြေအနေကို ဒေါသထွက်နေပြီး စာချုပ်သစ်ကိစ္စ ဆွေးနွေးရာတွင် အဆင်မပြေဖြစ်ခဲ့ခြင်းဖြစ်ကြောင်း Goal.com က ဖော်ပြခဲ့သည်။  အဒါမာထရာအိုရေးအား ခေါ်ယူရန် မန်စီးတီး၊ ဘာစီလိုနာနှင့် လီဗာပူးလ်အသင်းတို့က စိတ်ဝင်စားနေကြောင်း သိရသည်။ 


READ NEXT
Cancel OK