Top News

လီဝန်ဒေါစကီး၏ကိန်းဂဏန်းများမှာ ကြောက်လန့်စရာကောင်းသည်ဟု အာနိုးလ် ချီးကျူး
24htopnews | November 26, 2024 6:12 PM CST

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီး၏ကိန်းဂဏန်းများမှာ ကြောက်လန့်စရာကောင်းသည်ဟု လီဗာပူးလ်နောက်ခံလူ အာနိုးလ်က Goal.com နှင့်တွေ့ဆုံမှုတွင် ချီးကျူးခဲ့သည်။

    

လီဝန်ဒေါစကီးသည် ပြီးခဲ့သည့်ရာသီက ဘွန်ဒစ်လီဂါ၊ ဂျာမန်ဖလားနှင့် ချန်ပီယံလိဂ်ဖလား ပြိုင်ပွဲ (၃)ရပ်တွင် ဂိုးသွင်းအများဆုံးအပြင် ချန်ပီယံဆုရယူနိုင်သည့် ပထမဆုံးကစားသမားလည်းဖြစ်ခဲ့သည်။ 

၎င်းသည် ပြီးခဲ့သည့်ရာသီက ပြိုင်ပွဲစုံ (၄၇) ပွဲတွင် (၅၅)ဂိုး သွင်းယူခဲ့ပြီး ယခုရာသီ ပြိုင်ပွဲစုံ (၁၁) ပွဲတွင်လည်း (၁၃)ဂိုး သွင်းယူထားနိုင်ခဲ့သည်။ 



"လီဝန်ဒေါစကီးက မယုံကြည်နိုင်စရာကောင်းတဲ့ ကစားသမားတစ်ဦးပါ။ သူ့ရဲ့အသက်အရွယ်နဲ့ ဒီကိန်းဂဏန်းတွေ ပိုင်ဆိုင်နိုင်တာကလည်း အံ့အားသင့်စရာ အောင်မြင်မှုပါပဲ။ ဥရောပကတိုက်စစ်မှူးတွေအတွက် သူက ဥပမာကောင်းတစ်ခုဖြစ်ပြီး သူ့လမ်းစဉ်အတိုင်း အတုယူကြိုးစားသင့်ပါတယ်"ဟု အာနိုးလ်က ပြောကြားခဲ့သည်။ 

UEFA အကောင်းဆုံးကစားသမားဆုရှင် လီဝန်ဒေါစကီးသည် ဖျက်သိမ်းခဲ့သည့် ယခုနှစ် Ballon d'Or ဆုနှင့်လည်း ထိုက်တန်သူဖြစ်သည်ဟု အာနိုးလ်က မှတ်ချက်ပြုခဲ့သည်။ 

လီဝန်ဒေါစကီးသည် နိုဝင်ဘာ (၁၆) ရက်က စပိန်အားကစားသတင်းစာ AS နှင့် World Football Summit (WFS) တို့ ပူးပေါင်းရွေးချယ်သည့် ၂၀၂၀ ခုနှစ်အတွက် အကောင်းဆုံးဘောလုံးသမားဆုကို ရရှိခဲ့ကြောင်းလည်း သိရသည်။ 

ယင်းဆုအတွက် ဆန်ခါတင် (၃)ဦးစာရင်းတွင် ကင်မစ်ချ်နှင့် မက်ဆီတို့ ပါဝင်ခဲ့ပြီး ကင်မစ်ချ်က ဒုတိယ၊ မက်ဆီက တတိယရရှိခဲ့သည်။ 


READ NEXT
Cancel OK