စပါးတောင်ပံကစားသမား ဂါရတ်ဘေးလ်က မိမိကစားလိုသည့်အသင်းတွင် ကစားခွင့်ရသည်မှာ အလွန်ကောင်းကြောင်းနှင့် ဘောလုံးကစားရသည်မှာ ပို၍ပျော်စရာကောင်းလာကြောင်း ပြောကြားခဲ့သည်။
ရီးယဲလ်အသင်းတွင် အဆင်မပြေဖြစ်ခဲ့သည့် ဝေးလ်စ်တောင်ပံကစားသမား ဂါရတ်ဘေးလ်သည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်းဟောင်း စပါးထံသို့ တစ်ရာသီအငှားဖြင့် လာရောက်ကစားနေသူဖြစ်သည်။
ဂါရတ်ဘေးလ်က မိမိအနေဖြင့် စပါးအသင်း၏ ချစ်ခင်မှုကို ခံစားရကြောင်းနှင့် ခြေစွမ်းမှာ ယခုထက်ပိုတိုးတက်လာဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
"ကိုယ့်ကို ချစ်ခင်အားပေးတဲ့ အသင်းမှာ ကစားခွင့်ရတာက အောင်မြင်မှုတွေအတွက် ဆာလောင်စိတ်ကို ဖြစ်စေပါတယ်။ ကျွန်တော့်အနေနဲ့ ကစားချင်တဲ့အသင်းမှာ ကစားခွင့်ရတာ အရမ်းကောင်းပါတယ်။ စပါးကို ပြန်လည်ပြောင်းရွှေ့ခွင့်ရခဲ့တာ အရမ်းကို ကောင်းပြီး ကျွန်တော့်အနေနဲ့ ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာပြီဖြစ်သလို၊ ဘောလုံးပွဲတွေ ကစားရတာကိုလည်း အရမ်းပျော်ပါတယ်။ ကျွန်တော့်ကို ချစ်ခင်အားပေးတဲ့ အသင်းမှာ ကစားခွင့်ရနေတာဖြစ်ပြီး ကျွန်တော့်ရဲ့ ခြေစွမ်းဟာ ယခုထက်ပိုပြီး တိုးတက်လာဦးမှာပါ"ဟု ဂါရတ်ဘေးလ်က ပြောကြားခဲ့သည်။
အသက် (၃၁) နှစ်အရွယ်ရှိ ဂါရတ်ဘေးလ်သည် ယခုရာသီတွင် စပါးအသင်းအတွက် ပြိုင်ပွဲစုံ (၆)ပွဲကစားထားပြီး (၁)ဂိုး သွင်းယူပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
