မန်စီးတီးအသင်းနှင့် နည်းပြ ဂွါဒီယိုလာတို့၏ စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးမှုမှာ အောင်မြင်မှုရရှိရန် ပိုမိုနီးစပ်လာကြောင်း သိရသည်။
ဂွါဒီယိုလာနှင့် မန်စီးတီးအသင်းတို့၏ လက်ရှိစာချုပ်မှာ ၂၀၂၀-၂၁ ရာသီအကုန်တွင် အဆုံးသတ်မည်ဖြစ်ပြီး မန်စီးတီးအသင်းက နှစ်ရှည်သက်တမ်းတိုးရန် လိုလားနေသည်။
သို့သော် ဂွါဒီယိုလာက အသင်းသစ်ရှာဖွေလိုသည့် အရိပ်အယောင်ပြသခဲ့ခြင်းကြောင့် သက်တမ်းတိုးရန် ကြန့်ကြာနေခြင်းဖြစ်သည်။
ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်းက ဂွါဒီယိုလာက မိမိအနေဖြင့် ဘာစီလိုနာအသင်းကို ပြန်လည်ကိုင်တွယ်တော့မည်မဟုတ်ကြောင်း ပြောကြားခဲ့ပြီးနောက် မန်စီးတီးအသင်းနှင့် သက်တမ်းတိုးရန် ဆွေးနွေးမှုမှာ တိုးတက်လာခြင်းဖြစ်ကြောင်း သိရသည်။
မန်စီးတီးအသင်းသည် ဂွါဒီယိုလာကို ၂၀၂၅ ခုနှစ်အထိ သက်တမ်းတိုးရန် စီစဉ်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။
အသက် (၄၉)နှစ်အရွယ်ရှိ စပိန်လူမျိုးနည်းပြ ဂွါဒီယိုလာသည် ၂၀၁၆ ခုနှစ်တွင် မန်စီးတီးအသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး (၄)ရာသီကျော်အတွင်း ပရီးမီးယားလိဂ်ချန်ပီယံဆု (၂)ကြိမ်အပါအဝင် ဆုဖလား (၈)လုံးအထိ ရယူပေးထားနိုင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
