ပြင်သစ်ထိပ်သီးကလပ် PSG အသင်းသည် ရီးယဲလ်အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် အဆင်မပြေဖြစ်နေသည့် ဝါရင့်စပိန်နောက်ခံလူ ရာမို့စ်ကို တစ်နှစ်လစာ ယူရိုသန်း(၂၀) ဖြင့် ကမ်းလှမ်းရန် စီစဉ်နေကြောင်း AS သတင်းစာက ဖော်ပြခဲ့သည်။
အသက် (၃၄)နှစ်အရွယ်ရှိ ရာမို့စ်သည် လာမည့်နွေရာသီတွင် ရီးယဲလ်အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်ပြီး ရီးယဲလ်အသင်းက တစ်နှစ်ချင်းသာ သက်တမ်းတိုးရန် ဆန္ဒရှိနေသော်လည်း ရာမို့စ်က (၂)နှစ်သက်တမ်းတိုးရန် တောင်းဆိုထားသည့်အတွက် အဆင်မပြေဖြစ်နေခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေဆဲဖြစ်သော်လည်း ဇန်နဝါရီအပြောင်းအရွှေ့မတိုင်မီ သဘောတူညီမှု မရရှိခဲ့ပါက ခေါ်ယူလိုသည့်အသင်းများနှင့် ဆွေးနွေးခွင့် ပြုရတော့မည်ဖြစ်သည်။
ယင်းအခြေအနေတွင် PSG အသင်းက ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရရှိနိုင်မည့် ရာမို့စ်ကို ခေါ်ယူရန် စိတ်ဝင်စားလာခြင်းဖြစ်ပြီး တစ်နှစ် လုပ်ခ ယူရိုသန်း(၂၀)ဖြင့် (၃)နှစ်စာချုပ်ချုပ်ဆိုရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
ရာမို့စ်သည် လက်ရှိအချိန်တွင် ရီးယဲလ်အသင်း၌ တစ်နှစ်လုပ်ခ ယူရို(၁၂)သန်းသာ ရရှိနေသောကြောင့် PSG အသင်း ကမ်းလှမ်းမည့် လစာနှုန်းထားမှာ မက်မောစရာကောင်းနေသလို၊ (၃)နှစ်စာချုပ်မှာလည်း ကျေနပ်စရာကောင်းနေသည်။
သို့သော် Marca သတင်းစာကမူ PSG အသင်းသည် ဘာပေကို သက်တမ်းတိုးနိုင်ရန်သာ အဓိကအာရုံစိုက်ဖွယ်ရှိနေပြီး ရာမို့စ်ကို ခေါ်ယူရန်မှာ ဒုတိယဦးစားပေးသာ ဖြစ်ဖွယ်ရှိသည်ဟု သုံးသပ်ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
