ဘိုင်ယန်မြူးနစ်နောက်ခံလူ လူးကပ်စ်ဟာနန်ဒက်ဇ်က မိမိအနေဖြင့် ပြောင်းရွှေ့ကြေးနှင့် ထိုက်တန်ကြောင်း သက်သေပြသွားမည်ဟု ပြောကြားခဲ့သည်။
အသက် (၂၄)နှစ်အရွယ်ရှိ ပြင်သစ်နောက်ခံလူ လူးကပ်စ်ဟာနန်ဒက်ဇ်သည် ၂၀၁၉ နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် အက်သလက်တီကိုအသင်းမှ ဘိုင်ယန်မြူးနစ်အသင်းထံသို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရိုသန်း (၈၀)ဖြင့် ပြောင်းရွှေ့လာခဲ့သူ ဖြစ်သည်။
သို့သော် လူးကပ်စ်ဟာနန်ဒက်ဇ်သည် ပြီးခဲ့သည့် ၂၀၁၉-၂၀ ရာသီတွင် ဒဏ်ရာပြဿနာများနှင့် ကြုံတွေ့ခဲ့ရပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၂၅)ပွဲသာ ကစားနိုင်ခဲ့သည်။
လူးကပ်စ်ဟာနန်ဒက်ဇ်က "ကျွန်တော့်ရဲ့ စာချုပ်သက်တမ်းက (၄)နှစ် ကျန်ပါသေးတယ်။ ဘိုင်ယန်မြူးနစ်အသင်းမှာ ကစားရုံတင်မဟုတ်ဘဲ ကျွန်တော့်ရဲ့ အမည်ကို အသင်းသမိုင်းမှာ တွင်ကျန်ရစ်စေချင်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ကျွန်တော်ကို ကြေးကြီးပေးပြီး ခေါ်ယူခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီက ကျွန်တော့်အတွက် ခက်ခဲခဲ့ပေမဲ့ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်ကြောင်း ကျွန်တော် သက်သေပြသွားမှာပါ"ဟု France Football သို့ ပြောကြားခဲ့သည်။
လူးကပ်စ်ဟာနန်ဒက်ဇ်သည် ယခုရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံ (၁၀)ပွဲကစားထားပြီး (၁)ဂိုး သွင်းယူပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
