မန်စီးတီးကွင်းလယ်လူ ဒီဘ ရိုင်းနားသည် မန်စီးတီးအသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် နီးစပ်နေပြီဟု အတည်ပြုခဲ့ပြီး ထိုသို့ဆွေးနွေးရာတွင် အေးဂျင့်နှင့် ရှေ့နေများမပါဝင်ဘဲ ကိုယ်တိုင်ဆွေးနွေးနေခြင်းဖြစ်သည်ဟု ဝန်ခံခဲ့သည်။ ဒီဘရိုင်းနားသည် လက်ရှိ တွင် အေးဂျင့်လက်မဲ့ဖြစ်နေသူဖြစ်ပြီး ၎င်း၏အေးဂျင့်ဖြစ်သူ ဒယ်ကော့စတာသည် ငွေကြေးခဝါချမှု၊ စာရွက်စာတမ်းအတုများ ပြုလုပ်မှုစွပ်စွဲချက်များဖြင့် ဘယ်လ်ဂျီယံအစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည်။
\
အသက်(၂၈)နှစ်အရွယ် ဒီဘရိုင်းနားသည် မန်စီးတီးအသင်းနှင့် ၂၀၁၈ ခုနှစ်က စာချုပ်သက်တမ်းတိုး ထားခဲ့သူဖြစ်ပြီး ၎င်း၏ လက်ရှိစာချုပ် မှာ ၂၀၂၃ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
ဒီဘရိုင်းနားက ''ကျွန်တော် မန် ချက်စတာမှာ ပျော်နေပါတယ်။ ကျွန် တော်ဟာ အသင်းကောင်းတစ်သင်း မှာ ရှိနေတယ်။ ပိုင်ရှင်ကောင်းတွေ လက်အောက်မှာ ရှိနေတယ်။ ကျွန် တော်တို့ စာချုပ်သက်တမ်းတိုးမဲ့အ ကြောင်း အများကြီးဆွေးနွေးထားပါ တယ်။ ပြီးမြောက်ဖို့တော့ လိုပါသေး တယ်''ဟု ဘယ်လ်ဂျီယံ Het Laatste Nieuws သို့ ပြောကြားခဲ့သည်။ ထို့ နောက် အေးဂျင့်မရှိဘဲ မည်ကဲ့သို့ ဆွေးနွေးနေသနည်းဟု မေးမြန်းရာ တွင် ဒီဘရိုင်းနားက ''အခု ကျွန်တော် ကိုယ်တိုင် လုပ်နေတာပါ။ ကျွန်တော် က မန်စီးတီးမှာ ဆက်နေချင်တယ်ဆိုတော့ ဒါကသိပ်ခက်ခဲတဲ့ အခြေအနေတော့ မဟုတ်ဘူး။ ကျွန်တော်က ဒီအသင်းမှာ ဆက်မရှိချင်ဘူးဆိုရင်တော့ ကြားခံတစ်စုံတစ်ဦးလိုတာပေါ့''ဟု ဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
