နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ကစားရန်ရှိနေသည့် မြန်မာ့လက်ရွေးစင် အမျိုးသား ဘောလုံးအသင်း၏ ပြင်ဆင်မှုများကို လက်ရှိ ဖြစ်ပွားနေသော COVID-19 ဒုတိယလှိုင်း မဖြစ်ပွားခင်ကတည်းက ရေးဆွဲထားပြီးဖြစ် ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက Eleven Sports သို့ ပြောကြားသည်။
ပြီးခဲ့သည့်ရက်သတ္တပတ်က ပြုလုပ်ခဲ့သော အာရှဘောလုံးအဖွဲ့ချုပ် (AFC) ၏ အစည်းအဝေးတွင် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုလက်ကျန်ပွဲများကို လာမည့်နှစ် မတ်လ နှင့် ဇွန်လတွင် အပြီးသတ်ကျင်းပရန် ဆုံးဖြတ်ခဲ့ရာ မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် မတ်လမှ ဇွန်လအထိ ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
''မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ မြန်မာ့လက်ရွေးစင်အသင်းအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေဆောင်ရွက်ဖို့ Plan တွေကို COVID-19 ဒုတိယလှိုင်း မစတင်ခင်အချိန်ကတည်းက ရေးဆွဲပြီးသားဖြစ်ပါတယ်။ လက်ရှိမှာလည်း ရောဂါပိုးအခြေအနေကို စောင့်ကြည့်နေပြီး နိုင်ငံတကာပြိုင်ပွဲတွေယှဉ်ပြိုင်ဖို့ရှိတဲ့ မြန်မာ့လက်ရွေးစင်အသင်းအတွက် ပြင်ဆင်ဆောင်ရွက်ခွင့်ရတာနဲ့ ပြင်ဆင်နိုင်ဖို့အတွက်ကို အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်သွားနိုင်ဖို့ စီစဉ်ထားပါတယ်''ဟု MFF အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောကြားသည်။
မြန်မာ့လက်ရွေးစင်အသင်းပါဝင်သော ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ခြေစစ်ပွဲလက်ကျန်ပွဲစဉ်များကို မူလက စက်တင်ဘာနှင့် အောက်တိုဘာလအတွင်းကစားရန် ရွှေ့ဆိုင်းခဲ့သော်လည်း ရောဂါအခြေအနေကြောင့် လာမည့်နှစ် ထပ်မံရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။
အာရှဘောလုံးအဖွဲ့ချုပ် (AFC) ၏ အစည်းအဝေးတွင် ယင်းခြေစစ်ပွဲများကို မတ်လနှင့် ဇွန်လအတွင်း အပြီးသတ်ကျင်းပနိုင်ရန် ထပ်မံအတည်ပြုခဲ့သော်လည်း ပွဲစဉ်များယှဉ်ပြိုင်ကစားမည့်ရက်ကို အတိအကျထုတ်ပြန်ခြင်းမရှိသေးဘဲ ပွဲစဉ် (၇)နှင့် (၈)ကို မတ်လတွင်လည်းကောင်း၊ ပွဲစဉ် (၉)နှင့် (၁၀) ကို ဇွန်လတွင်လည်းကောင်း ကျင်းပရန် ဆုံးဖြတ်စီစဉ်ထားသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် လက်ကျန်သုံးပွဲကစားရန် ကျန်ရှိနေပြီး ဂျပန်အသင်းနှင့် အဝေးကွင်း၊ ကာဂျစ္စတန်အသင်းနှင့် အိမ်ကွင်း၊ တာဂျစ်ကစ္စတန်အသင်းနှင့် အဝေးကွင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မြန်မာအသင်းပါဝင်သော အုပ်စု (F) တွင် ဂျပန်အသင်းက ၁၂ မှတ်ဖြင့် ဦးဆောင်လျက်ရှိပြီး ကာဂျစ္စတန် အသင်းနှင့် တာဂျစ်ကစ္စတန်အသင်းတို့က ခုနစ်မှတ်စီ၊ မြန်မာအသင်းက ခြောက်မှတ်၊ မွန်ဂိုလီးယားအသင်းက သုံးမှတ်ရရှိထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
