Top News

ထိုင်းနိုင်ငံရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ကမ္မဋ္ဌာန်းထိုင်သည့်ကျင့်စဉ်အတွက် အလောင်းများအသုံးပြုမှုအပေါ် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေ
24htopnews | November 26, 2024 7:12 PM CST

ထိုင်းအာဏာပိုင်များက ဘုန်းကြီး ကျောင်းတစ်ကျောင်းတွင် လူသေအလောင်း ၄၀ ကျော်ကို တွေ့ရှိခဲ့ပြီးနောက် စုံစမ်းစစ် ဆေးမှုများ လုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့ က နိုဝင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

နိုဝင်ဘာ ၂၃ ရက်က ထိုင်းနိုင်ငံပီချစ် ပြည်နယ်ရှိ Pa Nakhon Chaibovorn ဘုန်းကြီးကျောင်းတွင် အလောင်း ၄၀ ကျော်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အကြီးတန်းရဲအရာရှိတစ်ဦးက အေအက်ဖ်ပီသတင်းကို ပြောပြခဲ့သည်။

အာဏာပိုင်များကမူဘုန်းကြီးကျောင်း သည်ထိုအလောင်းများအား ကမ္မဋ္ဌာန်းထိုင် သည့် ကျင့်စဉ်များအတွက် အသုံးပြုနေခြင်း ဖြစ်သည်ဟု သံသယရှိနေကြသည်။

“ဒီအလောင်းတွေနဲ့အတူ သေဆုံး ကြောင်း အတည်ပြုချက်နဲ့ အလောင်းကိုလှူ ဒါန်းထားတဲ့ စာရွက်စာတမ်းတွေပါအတူတွဲ ပြီးတွေ့ရှိပါတယ်’’ဟု ၎င်းက ပြောကြားခဲ့ကာ ယခုအချိန်အထိ တရားစွဲဆိုခြင်းမရှိသေး ကြောင်း ဆက်လက်ပြောပြခဲ့သည်။

ယင်းအလောင်းများကို မိမိတို့သဘော ဆန္ဒအလျောက်လှူဒါန်းထားခြင်းဟုတ်၊မဟုတ် သိရှိရန်အတွက် ရဲတပ်ဖွဲ့ကအလောင်းများ၏ ကျန်ရစ်သူဆွေမျိုးများထံ ဆက်သွယ်နေကြောင်း ၎င်းက ပြောပြခဲ့သည်။

“ဒီအလောင်းတွေဟာ ခိုးခံထားရတဲ့အ လောင်းတွေ မဟုတ်ဘူးဆိုတာ သေချာစေဖို့ အတည်ပြုချက်တွေ လုပ်ဆောင်နေပါတယ်”ဟုဆိုသည်။

နိုဝင်ဘာ ၂၀ ရက် အိမ်နီးချင်းကမ်ဖန်း ဖက်ပြည်နယ်ရှိ နောက်ထပ်ဘုန်းကြီးကျောင်း တစ်ကျောင်းတွင် အလောင်း ၁၂ လောင်းကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ရက်ပိုင်း အကြာ၌ ဘုန်းကြီးကျောင်းများတွင် ရှာဖွေမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းမီဒီယာတွင် ဖော်ပြထားသည်။

ပီချတ်ပြည်နယ်ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် Phra Ajarn Saifon Phandito က အလောင်းများကို အသုံးပြုခြင်း သည် ၎င်းင်းတီထွင်ထားသော ကမ္မဋ္ဌာန်းထိုင် ခြင်းကျင့်စဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ထိုင်း  ရုပ်သံကို ပြောပြခဲ့သည်။

“ဒီကျောင်းမှာ လာရောက်လေ့လာ ဆည်းပူးသူတွေအားလုံးက ဘုန်းကြီးတွေဖြစ် ပြီး သူတို့တွေက ဒီနည်းစနစ်ကိုအခြားသူတွေ ဆီ ပြန်လည်ဝေမျှနေတာဖြစ်ပါတယ်”ဟုက ဆိုသည်။

“ဆရာတော်ရဲ့ နည်းစနစ်တွေကိုဘယ် လောက် ကျယ်ကျယ်ပြန့်ပြန့် လိုက်နာကျင့် သုံးနေလဲဆိုတာကိုတော့ မသိပါဘူး”ဟု၎င်းက ဆက်လက်ပြောပြခဲ့သည်။

ကမ္မဋ္ဌာန်းထိုင်သည့်ကျင့်စဉ်ကို ကျင့်သုံး နေသူများက အလောင်းများထည့်ထားသည့် အခေါင်းများကို ထားရှိသော အဆောက်အအုံ များတွင် တရားထိုင်ကြကြောင်း ၎င်းင်းက နောက်ထပ်ထိုင်းရုပ်သံတစ်ခုကို ပြောပြခဲ့ သည်။

ယင်းအလေ့အကျင့်သည် မည်မျှကျယ် ပြန့်နေကြောင်းကို လေ့လာသိရှိနိုင်ရန်အခြား ပြည်နယ်မှ အာဏာပိုင်များနှင့်အတူပူးပေါင်း လုပ်ဆောင်နေသည်ဟု ပီချစ်ရဲတပ်ဖွဲ့ကပြော ကြားခဲ့သည်။                            

Ref;AFP


READ NEXT
Cancel OK