Top News

အီရန်တွင်  ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၀၀၀ ကျော်သို့ ရောက်ရှိ
24htopnews | November 26, 2024 8:12 PM CST

အီရန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် နောက်ထပ် ၁၄၃ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူ ၂,၀၀၀ ကျော်ခဲ့ပြီးနောက် အီရန်သမ္မတက ပိုမိုတင်းကျပ်သော အရေးယူ ဆောင်ရွက်မှုများ ချမှတ်မည်ဖြစ်ကြောင်း မတ် ၂၅ တွင် သတိပေးခဲ့သည်။ ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ထပ်မံကူးစက်မှု ၂၂၀၀ ကျော်ကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ကူးစက်ခံထားရသူ ၂၇,၀၀၀ ကျော်ပြီဖြစ်ကြောင်း အီရန်ကျန်းမာရေးဝန်ကြီး ခီအာနူ ဂျာဟာပူရာက ပြောကြားခဲ့သည်။

အီရန်သည် ကမ္ဘာတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် စတုတ္ထမြောက် လူသေအများဆုံးနိုင်ငံဖြစ်သည်။

အီရန်သည် ယခုအချိန်ထိ ထိန်းချုပ်ရန် ပိတ်ဆို့မှုကို ဆောင်ရွက်ရန် ငြင်းဆန်နေဆဲဖြစ်ပြီး လူများအား နေအိမ်တွင်သာ နေထိုင်ရန် နှုတ်အားဖြင့် တိုက်တွန်းခဲ့သည်။ သို့သော်လည်း အများစုက နေအိမ်တွင် နေထိုင်ရန် အကြံပြုချက်ကို မျက်ကွယ်ပြုခဲ့ကြသည်။

ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအတွက် စိုးရိမ်နေကြသော်လည်း ပြီးခဲ့သည့် သီတင်းပတ်ကုန်က ပါရှန်းနှစ်သစ်ကူး အားလပ်ရက်ကို အီရန် အမြောက်အမြားက လမ်းထွက် ဆင်နွှဲခဲ့ကြသေးသည်။

ကိုရိုနာဗိုင်းရပ်စ်သည် အရှေ့အလယ်ပိုင်းတွင် နိုင်ငံအများအပြား၌ ပျံ့နှံ့နေပြီး လူသန်းပေါင်းများစွာကို သွားလာလှုပ်ရှားမှုများ ကန့်သတ်ထိန်းချုပ်၍ ကူးစက်မှုကို နှေးကွေးရန် ကြိုးပမ်းနေကြသည်။ အာရပ်နိုင်ငံများတွင် လူဦးရေ အများဆုံးဖြစ်သော အီဂျစ်၊ စစ်ပွဲဒဏ်ကို ကိုးနှစ်ကျော်ကြာ ခံနေရသော ဆီးရီးယားတို့တွင် ယခုသီတင်းပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ တွေ့ရှိထားသည်။

လူ့အသက်များကို ကယ်တင်ရန်အတွက် လူများ၏ခရီးသွားလာမှုများကို ရပ်တန့်ရမည်ဖြစ်ကြောင်း၊ ခက်ခဲသော ဆုံးဖြတ်ချက်များ ချမှတ်ရသည်ကို နားလည်သိမြင်မည်ဟု ယုံကြည်ကြောင်း ရိုဟာနီက ပြောကြားခဲ့သည်။ အားလပ်ရက်ကာလပြီးနောက် ကလေးများ ကျောင်းပြန်တက်မည့် ဧပြီ ၄ မတိုင်မီအထိ ၁၅ ရက်အတွင်း ပိတ်ဆို့မှု ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်သည် အမေရိကန်က ဖန်တီးသည့် ဗိုင်းရပ်စ်ဖြစ်နိုင်သည်ဆိုသော မခိုင်မာသည့် ပူးပေါင်းကြံစည်မှု သီအိုရီကို အခြေခံပြီး အမေရိကန်၏အကူအညီများကို အီရန်ဘာသာရေးခေါင်းဆောင် အယာတို လာအလီခါမေနီက ငြင်းဆန်ထားသည်။

အီရန်သည် အရှေ့အလယ်ပိုင်းတွင် ယင်းဗိုင်းရပ်စ်ကြောင့် အထိနာဆုံး တစ်နိုင်ငံဖြစ်ပြီး အစိုးရအဖွဲ့ဝင်များနှင့် ရှီအိုက်ဘာ ဘာရေးခေါင်းဆောင်များပါ ကူးစက်ခံထားရသည်။ အရှေ့အလယ်ပိုင်းတွင် ကူးစက်မှု ၁၀ မှုလျှင် ၈ မှုသည် အီရန်၌ဖြစ်ပြီး အီရန်မှ ထွက်ခွာသူူများသည် အခြားနိုင်ငံများသို့ပါ ဗိုင်းရပ်စ် သယ်ဆောင်နေကြသည်။

အီရန်သည် နှာခေါင်းစည်း ၁၇၂ သန်းနှင့် အသက်ကူရှူစက် ၁,၀၀၀ အပါအဝင် အကူအညီများ လိုအပ်နေကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ယာဗက်ဇာရစ်က တွစ်တာတွင် ထုတ်ပြန်ထားသည်။

ပြင်သစ်အခြေစိုက် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) က ခုတင် ၅၀ ဆေးရုံတည်ဆောက်ရန် ကိုးဦးပါအဖွဲ့နှင့် ကိရိယာများ ပေးပို့ရန် စီစဉ်ထားကြောင်း မတ် ၂၂ တွင် ပြောကြားခဲ့သည်။ သို့သော်လည်း ပြင်ပအင်အားကြီးများက တည်ထောင်ပေးသော ဆေးရုံများ မလိုအပ်ကြောင်း အီရန်ကျန်းမာရေးဝန်ကြီးက တွစ်တာတွင် ရေးသားခဲ့သည်။


READ NEXT
Cancel OK