ဖိလစ်ပိုင်တွင် မတ် ၂၄ ၌ COVID- 19 ကူးစက်မှုသစ် ၃၉ မှု ဖြစ်ပွားခဲ့ရာ စုုစုပေါင်း ကူးစက်မှု ၅၀၁ မှုအထိ မြင့်တက်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ထိုဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်သည်လည်း ၃၃ ဦးအထိ ရှိလာခဲ့သည်။ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသော်လည်း ၁၉ ဦးသည် ပြန်လည်ကောင်းမွန်သွားခဲ့ကြောင်း ဒုတိယကျန်းမာရေးဝန်ကြီး မာရီယာ ရိုဆာရီယိုဗာဂျေရီက ပြောကြားခဲ့သည်။
ဖိလစ်ပိုင်တွင် မြို့တော် မနီလာပါဝင်သော အဓိကကျွန်းစု လူဇုန်တွင် လူ ၅၅ သန်းကို နေအိမ်ထဲ၌သာ နေကြရန် သမ္မတရိုဒရီဂိုဒူတာတေးက မတ် ၁၆ ကတည်းက ညွှန်ကြားထားခဲ့သည်။
ဗိုင်းရပ်စ်ကြောင့် နိုင်ငံထဲ၌ ဝရုန်းသုန်းကားအခြေအနေများမှရှောင်လွှဲရန်အတွက် အရေးပေါ်အာဏာများ ပြဋ္ဌာန်းရေးအတွက် သမ္မတဒူတာတေးကို တောင်းဆိုရန် လွှတ်တော်က မတ် ၂၃ တွင် အထူးအစည်းအဝေး ကျင်းပခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
