ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအား တိုက်ဖျက်ရေးလုပ်ဆောင်ရန်အတွက် ထိုင်းတွင် မတ် ၂၆ မှစတင်၍ တစ်လကြာ အရေးပေါ်အခြေအနေ ထုတ်ပြန်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာက မတ် ၂၄ တွင် ပြောကြားခဲ့သည်။
ထိုအရေးပေါ်အခြေအနေ အမိန့်ဒီကရီအရ ဗိုင်းရပ်စ်ပျံ့နှံ့မှုအား ထိန်းချုပ်နိုင်ရေးအတွက် လူများ၏ သွားလာလှုပ်ရှားမှုများကို လျှော့ချနိုင်ရေး စစ်ဆေးရေးဂိတ်များ ချထားရန် ခွင့်ပြုခြင်းနှင့် တာဝန်ရှိသူများအား အခွင့်အာဏာပိုပေးခြင်းအပါအဝင် နောက်ထပ် တုံ့ပြန်ဆောင်ရွက်မှုများအား ကြေညာနိုင်ရန် ဝန်ကြီးချုပ်က အုပ်ချုပ်ရေးဆိုင်ရာ အာဏာများရရှိမည်ဖြစ်သည်။
ထိုင်းတွင် မတ် ၂၄ ၌ ဗိုင်းရပ်စ်ကူးစက်မှုသစ် ၁၀၆ မှု ဖြစ်ပွားခဲ့ပြီး နောက်ထပ်သုံးဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
လတ်တလောတွင် ထိုင်း၌ ဗိုင်းရပ်စ်ကူးစက်သူစုစုပေါင်း ၈၂၇ မှုနှင့် သေဆုံးသူလေးဦး၊ ပြန်လည်ကောင်းမွန်သွားသူ ၅၇ ဦး ရှိလာပြီဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
