ကမ္ဘာ့လူဦးရေ ဒုတိယအထူထပ်ဆုံး နိုင်ငံအိန္ဒိယတွင် COVID- 19 ကူးစက်ပျံ့နှံ့မှုအား ဟန့်တားနိုင်ရန်အတွက် ပြည်နယ်များစွာ၌ ပိတ်ဆို့ထိန်းချုပ်မှုကို ဆောင်ရွက်နေကြစဉ် ပြည်တွင်း လေကြောင်းခရီးစဉ် ပြေးဆွဲမှုအားလုံးကို ရပ်ဆိုင်းသွားမည်ဟု အစိုးရက မတ် ၂၄ တွင် ထုတ်ပြန်ခဲ့သည်။ အခြားသယ်ယူပို့ဆောင်ရေး စနစ်များလည်း ဆိုင်းငံ့ထားစဉ် ပြီးခဲ့သောနှစ်တွင် ခရီးသည် ၁၄၄ သန်းနှင့် ကုန်ပစ္စည်းများအား နိုင်ငံတစ်ဝန်း ပို့ဆောင်ခဲ့ကြသော ပြည်တွင်းလေယာဉ်ခရီးစဉ်အားလုံးကို ရပ်ဆိုင်းခြင်းဖြစ်သည်။
ကမ္ဘာ့ကပ်ရောဂါသည် အိန္ဒိယ၏ တစ်ချိန်က အရှိန်အဟုန်ဖြင့်တိုးတက်ခဲ့သော လေကြောင်းကဏ္ဍအပါအဝင် ကမ္ဘာ့စီးပွားရေးနှင့် လေကြောင်းလုပ်ငန်းတို့အား ယိုင်နဲ့စေခဲ့ကြောင်း ဘန်ဂလိုလေကြောင်းဆိုင်ရာ ဝက်ဘ်ဆိုက်၏ အယ်ဒီတာဒီဗက်ရှ်အဂါဝယ်က ပြောကြားခဲ့သည်။ ယင်းသည် ကာလတို ကပ်ရောဂါတစ်ခု မဟုတ်ဘဲ အိန္ဒိယလေကြောင်းကဏ္ဍအတွက် မျှော်မှန်းချက်သည် စိတ်ပျက်စရာဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လူဦးရေ ၁.၃ ဘီလျံရှိသော အိန္ဒိယသည် COVID- 19 ကူးစက်ခံရမှုအရေအတွက်တွင် အခြားနိုင်ငံများထက် နည်းပါးနေသော်လည်း မကြာသေးမီရက်များအတွင်း သေဆုံးသူ ကိုးဦးအပါအဝင် ကူးစက်မှု ၅၀၀ နီးပါး အထိ မြင့်တက်လာခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။ နိုင်ငံတစ်ဝန်းတွင် မျိုးစုံသော တုံ့ပြန်ဆောင်ရွက်မှုများစွာကို ချမှတ်ထားပြီး ဝန်ပိနေပြီဖြစ်သော ကျန်းမာရေးစောင့်ရှောက်မှုစနစ်များအား မဖိစီးစေရန်အတွက် ပြည်နယ်များကလည်း ကူးစက်မှု အလွန်အမင်း မမြင့်တက်လာစေရန် အသီးသီးကြိုးပမ်းနေကြသည်။
အိန္ဒိယ၏ ပြည်နယ်နှင့်နယ်မြေ ၃၀ တွင် လူသန်း ၇၀၀ ကျော်အား အပြည့်အဝ ပိတ်ဆို့ထိန်းချုပ်ထားပြီဖြစ်ကြောင်း အေအက်ဖ်ပီ၏ တွက်ချက်မှုက ဖော်ပြခဲ့သည်။ နိုင်ငံထဲသို့ ပြန်ဝင်လာမည့် အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ်များအား တစ်ပတ်ကြာ ပိတ်ပင်ထားပြီး ပြည်နယ်အများအပြားကလည်း ကုန်းလမ်းနယ်စပ်များအား ပိတ်ဆို့ထားကာ ပြည်နယ်တွင်း ဘတ်စ်ကားချိတ်ဆက်ပြေးဆွဲ မှုအား ရပ်ဆိုင်းထားသည်။
ရေလမ်းနှင့် မြစ်ကြောင်းဆိပ်ကမ်းများကိုလည်း မတ် ၂၃ နှောင်းပိုင်းတွင် ပိတ်ပစ်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ရာ အိန္ဒိယသို့ ခရီးသွားများ ဝင်ရောက်မှု အားလုံးကို ပိတ်ပင်သကဲ့သို့ဖြစ်နေသည်။
နေ့စဉ် ခရီးသည်သန်း ၂၀ ကျော်ကို သယ်ဆောင်ပေးနေသော ကမ္ဘာ့အကြီးဆုံး ကွန်ရက်များတွင် ပါဝင်သည့် အိန္ဒိယရထား ပို့ဆောင်ရေးလုပ်ငန်းက ဆင်ခြေဖုံးနှင့် ကုန်ရထားများမှလွဲ၍ ပြေးဆွဲမှုအားလုံးကို ဖျက်သိမ်းလိုက်ပြီဖြစ်သည်။ ပြည်နယ်တွင်းနှင့် မြေအောက်ရထားပြေးဆွဲမှုအားလုံးကိုလည်း ရပ်ဆိုင်းပြီဖြစ်သည်။
ထိုဆောင်ရွက်မှုများအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြိုဆိုခဲ့ပြီး ထိုလုပ်ရပ်များအပြင် ပိုမိုထိရောက်သော သီးခြားခွဲထားခြင်း၊ စမ်းသပ်ခြင်း၊ ကုသခြင်းနှင့် ခြေရာခံလိုက်ခြင်းစသည့်နည်းလမ်းများနှင့်ပါ ပေါင်းစပ်ပါက ဗိုင်းရပ်စ်ကူးစက်မှုများ နှေးကွေးစေရန် ကူညီနိုင်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။
နယ်စပ်များအား ပိတ်ထားပြီး စျေးဆိုင်များနှင့် ရုံးများအပြင် ဒေသတွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေးကိုပါ ရပ်ဆိုင်းထားသော မြို့တော်နယူးဒေလီအပါအဝင် ပိတ်ဆို့ထိန်းချုပ်ထားသော်လည်း ဒေသခံအချို့က လှုပ်ရှားသွားလာနေဆဲဖြစ်သည်။ ထိုဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပွားနေစဉ်အတွင်း အလုပ်အကိုင်များ ဆုံးရှုံးခဲ့ရသော ကျေးလက်ဒေသနေ ဆင်းရဲသားများကို ယင်းပိတ်ဆို့မှုများက အထိနာစေခဲ့သည်။
ဝန်ကြီးချုပ် နရင်ဒရာမိုဒီက နိုင်ငံသားများသည် ညွှန်ကြားချက်များအား လိုက်နာကြရန် မတ် ၂၃ တွင် တိုက်တွန်းခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
