အာဖရိကတိုက်တွင် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး၌ နိုင်နင်းစေရန် ကြွေးမြီလျှော့ပေါ့ သက်သာခွင့်နှင့် အရေးပေါ်ရန်ပုံငွေ ဒေါ်လာဘီလျံ ၁၅၀ ထောက်ပ့ံပေးရန် အီသီယိုးပီးယားဝန်ကြီးချုပ် အဘီအာမက်က မတ် ၂၄ တွင် ဂျီ ၂၀ ခေါင်းဆောင်များအား တိုက်တွန်းခဲ့သည်။
ကမ္ဘာ့ကပ်ရောဂါသည် အာဖရိကနိုင်ငံများ၏ စီးပွားရေးအတွက် အမှန်တကယ်ခြိမ်းခြောက်မှုဖြစ်ပြီး အီသီယိုးပီးယားသည် အခြားအာဖရိကနိုင်ငံများနှင့် ပူးပေါင်းလျက် အကူအညီတောင်းခံနိုင်ရန် ပြင်ဆင်နေကြောင်း အာဘီ၏ရုံးက ထုတ်ပြန်ခဲ့သည်။
အာဖရိကနိုင်ငံအများအပြားတွင် ကျန်းမာရေးအသုံးစရိတ်များ အလွန်အမင်း အားနည်းနေကြစဉ် ဧရာမ ကြွေးမြီဝန်ပိမှုများက ကပ်ရောဂါနှင့်ဆက်နွှယ်သော စီးပွားရေးဆိုင်ရာ ထိခိုက်မှုများအား တုံ့ပြန်နိုင်ရန် အလွန်အမင်း ပြင်ဆင်မှုအားနည်းခဲ့ကြောင်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ဗိုင်းရပ်စ်က နယ်စည်းမခြား ပျံ့နှံ့နေသကဲ့သို့ မိမိတို့၏ တုံ့ပြန်မှုများသည် နယ်စပ်များ ခြားထား၍ မရကြောင်း ထိုကြေညာချက်တွင် ဖော်ပြခဲ့သည်။ လတ်တလောတွင် ဂျီ ၂၀ ၏ ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်နေသော ဆော်ဒီအာရေဗျက ကိုရိုနာဗိုင်းရပ်စ်အား နိုင်ငံတကာ၏ ပူးပေါင်းတုံ့ပြန်မှုနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဗီဒီယိုကွန်ဖရင့်ဖြင့် ထိပ်သီးကျင်းပရန်ပြီးခဲ့သော သီတင်းပတ်တွင် တောင်းဆိုခဲ့သည်။
ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က တရုတ်သမ္မတ ရှီကျင်ပင်းနှင့် ဖုန်းဆက်ဆွေးနွေးခဲ့ပြီး အရေးပေါ်ဆွေးနွေးပွဲ ကျင်းပရန် လိုအပ်ကြောင်းကို ခေါင်းဆောင်နှစ်ဦးက သဘောတူခဲ့ကြသည်ဟု ပြင်သစ်သမ္မတ၏ရုံးက မတ် ၂၃ တွင် ထုတ်ပြန်ခဲ့သည်။
ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနှင့် သေဆုံးမှုနှုန်းတွင် အာဖရိကသည် နောက်ကျ ကျန်နေခဲ့သော်လည်း မကြာသေးမီရက်များအတွင်း ကူးစက်ပျံ့နှံ့မှုနှင့် သေဆုံးမှုများ မြင့်တက်လာခဲ့သည်။ မတ် ၂၃ ညအထိ အာဖရိကနိုင်ငံ ၄၃ နိုင်ငံတွင် ဗိုင်းရပ်စ်ကူး စက်ခံရမှု ၁၇၀၀ နီးပါးနှင့် သေဆုံးသူ ၅၂ ဦး အထိ ရှိလာခဲ့ကြောင်း အာဖရိက၏ ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ် ရေးဆိုင်ရာ စင်တာက ထုတ်ပြန်ခဲ့သည်။
ထိုဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုသည် အာဖရိက၏ အားနည်းနေသော ကျန်းမာရေးစောင့်ရှောက်မှုစနစ်များကို အလျင်အမြန် ဒုက္ခပေးနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးခဲ့ကြသည်။
ပို့ကုန်များ အလွန်အမင်း ကျဆင်းသွားမှု၊ ကမ္ဘာ့ကုန်စည်ပို့ဆောင်ရေး အနှောင့်အယှက်ဖြစ်သွားမှု၊ ခရီးသွားလာမှုနှင့် ခရီးသွားလုပ်ငန်း ရုတ်တရက် ကျဆင်းသွားမှုတို့ ရင်ဆိုင်နေရစဉ် အာဖရိကစီးပွားရေးများသည် တောင့်ခံနိုင်စွမ်း အလွန်အမင်း အားနည်းမည်ဖြစ်ကြောင်း အာဘီ၏ရုံးက ထုတ်ပြန်ချက်တွင် သတိပေးခဲ့သည်။
အာဘီ၏ရုံးက အဆိုပြုခဲ့သော ဒေါ်လာဘီလျံ ၁၅၀ (ယူရို ၁၃၈ ဘီလျံ) အကူအ ညီပေးရေးအစီအစဉ်တွင် ကမ္ဘာ့ဘဏ်မှ ဘတ်ဂျက်ဆိုင်ရာ ထောက်ပံ့ပေးမှုနှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ထံမှ အကျပ်အတည်းအတွက် ငွေကြေးထောက်ပံ့ပေးခြင်းတို့ ပါဝင်မည်ဖြစ်သည်။ အာဖရိက၏ ေ ကြွေးမြီဝန်ထုပ်ဝန်ပိုးကို သက်သာရာရစေရန်အတွက် အစိုးရချေးငွေများအား အတိုးနှုန်းသတ်မှတ်ထားမှုများကို လျှော်ပစ်သင့်ကြောင်းလည်း အဆိုပြုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
