မလေးရှားတွင် ဓားဒဏ်ရာ ၁၂ ချက်ဖြင့် ထိုးသတ်ခံရသည့် မြန်မာအမျိုးသမီးအမှုတွင် မြန်မာနိုင်ငံသား ငါးဦးကို ဖမ်းဆီးထားကြောင်း မလေးရှားအခြေစိုက် Bernama သတင်းတွင် ဖော်ပြထားသည်။
နိုဝင်ဘာ ၆ ရက် နံနက်အစောပိုင်းတွင် မလေးရှားနိုင်ငံ Bandar Teknologi Kajang စက်မှုဇုန်ရှိ အခန်းတစ်ခန်းတွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသမီးတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံသား ငါးဦးကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူများမှာ အသက် ၂၈ နှစ်နှင့် ၄၅ နှစ်အကြားရှိ အမျိုးသမီးနှစ်ဦးအပါအဝင် ငါးဦးဖြစ်ပြီး သံသယရှိသူများအားလုံးကို Bandar Teknologi နှင့် Semenyih ဒေသများတွင် မွန်းလွဲ ၁ နာရီမှ ညနေ ၆ နာရီ ၃၀ အတွင်း သီးခြားစီ ဖမ်းဆီးခဲ့ကြောင်း Kajang ခရိုင်ရဲချုပ် ACP Naazron Abdul Yusof က ပြောကြားခဲ့သည်။
အသတ်ခံရသူအမျိုးသမီးမှာ အသက် ၄၀ အရွယ်ရှိပြီး အဆိုပါခြံဝန်းရှိ အခြားအခန်းတစ်ခန်းတွင် ဌားရမ်းနေထိုင်သူ နာဇရွန်၏ ပြောကြားချက်အရ ဆူညံသံများကို ကြားခဲ့ရပြီး ဓားကိုင်ထားသည့် သံသယရှိသူဟု ယူဆရသည့် အမျိုးသားတစ်ဦးမှာ ထွက်ပြေးသွားခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။
သေဆုံးသူကို ရောဂါဗေဒပညာရှင်မှ ခွဲစိတ်စစ်ဆေးခဲ့ရာ ဝမ်းဗိုက်တွင် ဓားဒဏ်ရာကို တွေ့ရှိခဲ့ပြီး အခြားနေရာများတွင်လည်း ဓားဒဏ်ရာ ၁၂ ချက်တွေ့ရှိခဲ့ကာ သွေးထွက်လွန်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့မှာ အသတ်ခံရသူအမျိုးသမီးကို မွေ့ယာများနှင့် ရစ်ပတ်ကာ တွေ့ရှိခဲ့ရကြောင်း သတင်းတွင် ဖော်ပြထားသည်။
“ဒီအဖြစ်အပျက်ရဲ့ နောက်ကွယ်က အကြောင်းအရင်းက မနာလိုမှုလို့ ယူဆရပါတယ်။ သံသယရှိသူအားလုံးကို မနက်ဖြန်မှာ စုံစမ်းဖော်ထုတ်ပြီး ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်စစ်ဆေးနေပါတယ်” ဟု Kajang ခရိုင်ရဲချုပ် ACP Naazron Abdul Yusof က ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
