ပါကစ္စတန်နိုင်ငံ၏အနောက်မြောက်ပိုင်းတွင် လွန်ခဲ့သော သီတင်းပတ်ကအနည်းဆုံး လူ ၈၀ ကျော်သေဆုံးခဲ့သော ခါးသီးသည့် ဂိုဏ်းဂဏဆိုင်ရာ တိုက်ပွဲများသည် နိုဝင်ဘာ ၂၅ ရက်တွင် ပြန်လည်စတင်ခဲ့ရာ ယင်းတိုက်ပွဲများသည် ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရသော အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ပါကစ္စတန်နိုင်ငံသည် ဆွန်နီအများစု ကိုးကွယ်သောနိုင်ငံဖြစ်သည်ဆိုသော်လည်း အာဖဂန်နစ္စတန်နယ်စပ်အနီးက ခိုင်ဘာပါ ခွန်ခွာပြည်နယ်ရှိ ကာရမ်သည် ရီီှးယားလူဦးရေ အများအပြားရှိပြီး ကာရမ်က လူ့အသိုင်းအဝိုင်းများသည် ဆယ်စုနှစ်များစွာ ပဋိပက္ခဖြစ်ပွားခဲ့သည်။
ရဲများ၏စောင့်ကြပ်မှုဖြင့် ခရီးသွားနေသော ရှီးယားမွတ်စလင်တို့၏သီးခြားယာဉ်တန်းနှစ်ခု ခြုံခိုတိုက်ခိုက်ခံရသည့် နိုဝင်ဘာ ၂၁ ရက်မှစတင်ကာ အကြမ်းဖက်မှုမြင့်တက်လာခဲ့သောကြောင့် နှစ်ရက်ကြာ တိုက်ပွဲများဖြစ်ပွားခဲ့သည်။
ဒေသဆိုင်ရာ အစိုးရအဖွဲ့က နိုဝင်ဘာ ၂၄ ရက်ညတွင် အပစ်အခတ်ရပ်စဲရေးကို ကြားဝင်ဆောင်ရွက်ပေးခြင်းမပြုမီ အနည်းဆုံး ၈၂ ဦး သေဆုံးခဲ့ပြီး ၁၅၆ ဦး ဒဏ်ရာရရှိခဲ့သည်။
မျိုးနွယ်စု တိုက်ပွဲများဖြစ်ပွားသည့် သတင်းများနှင့်သေနတ်သံများသည် နေရာအများအပြားမှ ဆက်လက်ထွက်ပေါ်နေသည်ဟု ကာရမ် ဒုတိယကော်မရှင်နာ ဂျာဗီဒူ လာမာဆွတ်က နိုဝင်ဘာ ၂၅ ရက်ညပိုင်းတွင် အေအက်ဖ်ပီကို ပြောကြားခဲ့သည်။
အနည်ဆုံး နေရာသုံးခုတွင် တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်သည်ဟု အမည်ဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံခဲ့သော ကာရမ်လုံခြုံရေး တာဝန်ရှိသူက ပြောကြားသည်ဆိုသော်လည်း လောလောလတ်လတ်ထိခိုက်ဒဏ်ရာရသည့် သတင်းများကို မရရှိသေးဟု ဆိုသည်။
“အကျဉ်းသားတွေနဲ့အလောင်းတွေ လဲလှယ်တာနဲ့ပတ်သက်ပြီး သိသိသာသာသ ဘောထားကွဲနေတာတွေရှိနေပါတယ်။ ကျွန်တော်သိထားသလောက်ကတော့ နှစ်ဘက်စလုံးက အမျိုးသမီးရှစ်ဦး အပါအဝင် ဓားစာခံ ၁၈ ဦးကို လောလောဆယ် ထိန်းသိမ်းထားတယ်လို့သိရပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
၂၀၁၈ ခုနှစ်တွင် ခိုင်ဘာပါခွန်ခွာပြည်နယ်နှင့်ပေါင်းစည်းချိန်အထိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တစ်ဝက်ရရှိသော ပြည်ထောင်စုမျိုးနွယ်စုဆိုင်ရာဒေသ၏အစိတ်အပိုင်းဖြစ်ခဲ့သော ကာရမ်၌ ရဲတို့သည် အကြမ်းဖက်မှုကို ထိန်းချုပ်ရန်ပုံမှန်အားဖြင့် ရုန်းကန်နေရသည်။
အချိန်တိုတောင်းသော အပစ်အခတ်ရပ်စဲမှုကို ပြည်နယ်မြို့တော် ပက်ရှဝါမှလာသော ကိုယ်စားလှယ်အဖွဲ့က လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်သည်ဆိုသော်လည်း ၎င်းတို့စီးနင်းလာသော ရဟတ်ယာဉ်သည် ကာရမ်ကို ရောက်သည့်အခါ ပစ်ခတ်ခြင်းခံရသည်ဟု လုံခြုံရေးတာဝန်ရှိသူက ပြောကြားခဲ့သည်။
တောင်တန်းထူထပ်သော ဒေသရှိနယ်မြေတွင် အငြင်းပွားမှုများက ရန်စကိုပြန်လည်ပေါ်ပေါက်စေခဲ့သည်။ ထို့အပြင် ထိုရန်စများကိုအစ္စရေလာမ်ဂိုဏ်းကွဲများအား လိုက်နာသော လူ့အသိုင်းအဝိုင်းအကြား ငုပ်လျှိုး နေသောတင်းမာမှုများက လောင်စာထိုးပေးနေသည်။
လွန်ခဲ့သောလတွင် အမျိုးသမီးသုံးဦးနှင့် ကလေးနှစ်ဦးအပါအဝင် အနည်းဆုံး ၁၆ ဦး သည် ခါရမ် ဂိုဏ်းဂဏတိုက်ပွဲတွင် သေဆုံးခဲ့သည်။
ဇူလိုင်နှင့်စက်တင်ဘာလတို့တွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့သောကြောင့် လူဒါဇင်ချီသေဆုံးခဲ့သည်။ မျိုးနွယ်စုဆိုင်ရာကောင်စီက အပစ်အခတ်ရပ်စဲရေးကို ဆောင်ရွက်ပေးခဲ့ပြီးနောက် ယင်းတိုက်ပွဲများ ပြီးဆုံးခဲ့ သည်။
ယင်းသို့သော ဂိုဏ်းဂဏဆိုင်ရာ တိုက်ပွဲများတွင် လူ ၇၉ ဦးသည် ဇူလိုင်နှင့် အောက်တိုဘာလအတွင်း သေဆုံးခဲ့သည်ဟု ပါကစ္စတန်လူ့အခွင့်အရေးကော်မရှင်က ပြောကြားခဲ့သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
