ရွှေစျေးကွက်အတွင်း ပြန်လည်ရောင်းချမှုများနေပြီး ဝယ်ယူသူနည်းပါးနေကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။
“အခုက စျေးကွက်ထဲမှာ အရောင်းများ အဝယ်နည်းနေတဲ့သဘောပေါ့။ နယ်တွေကလည်း ဝင်တယ်။ ရွှေဆိုင်တွေက အထည်ပျက်တွေလည်း ဝင်တယ်။တို့ဆီက ပိဿာချိန် ၅၀ လောက်ကို ဝယ်ပေးနေတယ်။ အရောင်းများ အဝယ်နည်းတဲ့သဘောဖြစ်နေတာပေါ့” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။
ထို့ပြင် ရွှေစျေးကွက်အတွင်း စျေးနှုန်းတည်ငြိမ်စေရေးအတွက် အထူးအရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့သည်။
“မနေ့ကထုတ်တဲ့အဖွဲ့ပေါ့။ အဲဒါနဲ့ ပတ်သက်ပြီး အသင်းသူအသင်းသားတွေနဲ့ အစည်းအဝေးလုပ်တာပေါ့။ လုပ်တဲ့ကိုင်တဲ့အခါ အမှားအယွင်းမရှိအောင် သူတို့ညွှန်ကြားထားတဲ့ ဥပဒေပုဒ်မတွေကို လိုက်နာပေးဖို့ပေါ့။ ရွှေ ၂၂ သိန်းအထိဖြစ်သွားတုန်းကလည်း ကုန်စည်စီးဆင်းမှု ဗဟိုဌာနက အကူအညီပေးလို့ မန္တလေးတို့ မော်လမြိုင်တို့ကနေ ရွှေသယ်တဲ့ အခြေအနေမှာ အခက်အခဲမရှိခဲ့ဘူး။ နိုက်ထရစ်အက်ဆစ်ပြတ်သွားတုန်းကလည်း သူတို့ ကူညီခဲ့တယ်။ အခုအဖွဲ့ထပ်ပေါ်လာတော့ နည်းနည်းအဆင်ပြေလာတာပေါ့။ အဖွဲ့အစည်းတွေ ပေါ်လာတော့ အဖေခေါ်ရတာ နာမည်သိသွားတာပေါ့ကွာ။ နို့မို့ဆို တို့က ဘာမှန်းမသိဘူး။ အရင်က ပြဿနာဖြစ်ရင် အသင်းကပဲ ခေါင်းခံ ရှင်းပေးရတာပေါ့။ အခုကျတော့ အဲဒီအဖွဲ့တွေကို လွှဲပေးလိုက်တော့ အဆင်ပြေတာပေါ့” ဟု ဦးမျိုးမြင့်က ပြောကြားသည်။
ဇန်နဝါရီ ၂၄ရက်တွင် ကမ္ဘာ့ရွှေစျေး ၁၈၃၈ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေးနှုန်းမှာ ကျပ် ၁၈၈၁၀၀၀ ဝန်းကျင်၊ ၁၅ ပဲရည်ရွှေစျေးနှုန်းမှာ ကျပ် ၁၇၇၀၅၀၀ ဝန်းကျင်ရှိခဲ့သည်။ ဇန်နဝါရီ ၂၆ ရက် တွင် ပြည်တွင်းရွှေစျေးနှုန်းများမှာ ၁၆ ပဲရည်အခေါက်ရွှေအနေဖြင့် ကျပ် ၁၈၇၉၀၀၀ ဝန်းကျင်ရှိပြီး ၁၅ ပဲရည်ရွှေစျေးနှုန်းမှာ ၁၇၆၈၅၀၀ ဝန်းကျင်ရှိခဲ့သည်။
ရွှေနှင့်ငွေကြေးစျေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေး လုပ်ငန်းကော်မတီ ဖွဲ့စည်း
ရွှေနှင့် ငွေကြေးစျေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးလုပ်ငန်းကော်မတီကိုဖွဲ့စည်းပြီး ရာခိုင်နှုန်းဖြင့် ငွေသားထုတ်ပေးခြင်း၊ စျေးကစားခြင်းများကို အရေးယူမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်သည်။
ယင်းကော်မတီတွင် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး အကောက်ခွန်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ငွေကြေးဆိုင်ရာ မှုခင်းတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲမှူးကြီး အစရှိသည့် ဌာနများမှ အဖွဲ့ဝင်များအဖြစ် ပါဝင်သည်။
ကော်မတီ၏ လုပ်ဆောင်ရမည့်တာဝန်များမှာ ပြည်တွင်းရွှေစျေးကွက်အတွင်း စျေးကစားရန် ရည်ရွယ်ချက်ဖြင့် ရောင်း/ဝယ်မှုများကို စိစစ်ဖော်ထုတ်နိုင်ရေးအတွက် အရောင်းအဝယ်စာရင်းများကို လိုအပ်သလို စစ်ဆေးခြင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှထုတ်ပြန်ထားသော ငွေပေးချေမှုစည်းမျဉ်းများကို လိုက်နာမှု ရှိ မရှိ စစ်ဆေးခြင်းနှင့် ပြည်တွင်းရွှေစျေးကွက်တည်ငြိမ်မှုကို ပျက်ပြားစေသော ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်မှုပြုသူများကို သက်ဆိုင်ရာတာဝန်ရှိသူများက စိစစ်ဖော်ထုတ်စေ၍ တည်ဆဲဥပဒေ၊နည်းဥပဒေ၊လုပ်ထုံးလုပ်နည်းများ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ အရေးယူဆောင်ရွက်ရန်တို့ဖြစ်သည်။
ထို့ပြင် နိုင်ငံခြားသုံးငွေကိုင်ဆောင် ရောင်း/ဝယ်ခွင့်ရရှိသော နိုင်ငံပိုင်ဘဏ်၊ ပုဂ္ဂလိကဘဏ်နှင့် ငွေလဲကောင်တာ (Money Changer) များ၏ နိုင်ငံခြားသုံးငွေ အဝင်/အထွက်စာရင်းများကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များနှင့်အညီ စောင့်ကြည့်စစ်ဆေးခြင်း၊ ကုန်ပစ္စည်းတင်ပို့/တင်သွင်းခြင်း ဆိုင်ရာ စာရွက်စာတမ်းအထောက်အထားများ၊ လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီများကို လိုအပ်သလို စစ်ဆေးခြင်းနှင့် လိုက်နာမှုမရှိသူများကို အရေးယူခြင်းများ ဆောင်ရွက်ရန်တို့ဖြစ်သည်။
ထို့ပြင် နိုင်ငံခြားငွေကြေးများအား တရားမဝင်ကိုင်ဆောင်ခြင်း၊ ဥပဒေမဲ့အရောင်းအဝယ်ပြုလုပ်ခြင်း၊ စျေးကစားခြင်းပြုလုပ်သူများကို သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးဖော်ထုတ်စေပြီး အရေးယူရန်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၄၃/ ၂၀၂၁) ပါ ကျပ်သိန်း ၂၀၀ ထက် ပိုမိုသည့်ငွေပေးချေမှုများတွင် ဘဏ်စနစ် အသုံးပြု၍ ဆောင်ရွက်မှုရှိ မရှိ သက်ဆိုင်ရာဌာနများက စိစစ်စေပြီး လိုက်နာမှုမရှိသူများကို အရေးယူဆောင်ရွက်ရန်တို့ဖြစ်သည်။
အလားတူ အိမ်၊ ခြံမြေနှင့် မော်တော်ယာဉ်ကဲ့သို့သော အခြေပစ္စည်းများကို ရောင်းဝယ်ပြီး ပိုင်ဆိုင်မှု လွှဲပြောင်းရာတွင် သက်ဆိုင်ရာဌာနများမှ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေပေးချေမှုကန့်သတ်ချက်များအတိုင်း လိုက်နာမှု ရှိမရှိ စိစစ်စေ၍ လိုက်နာမှုမရှိပါက အရေးယူဆောင်ရွက်ရန်၊ ဘဏ်များတွင် အပ်နှံထားသည့်ငွေများကို ငွေသားထုတ်ယူရာ၌ ရာခိုင်နှုန်းယူ၍ ငွေသားထုတ်ပေးခြင်း၊ ဘဏ်ပြင်ပတွင် ငွေသားလက် ဝယ်ထိန်းသိမ်းထားသူများက ဘဏ်အကောင့်ဖြင့် အပ်နှံထားသည့်ငွေများကို ငွေသားဖြင့် လဲလှယ်ထုတ်ယူလိုသူများအား ရာခိုင်နှုန်းယူ၍ ငွေသားထုတ်ပေးခြင်းများကို သက်ဆိုင်ရာတာဝန်ရှိသူများအား စုံစမ်းစစ်ဆေးဖော်ထုတ်စေ၍ ပါဝင်ပတ်သက်သူများကို အရေးယူဆောင်ရွက်ရန်တို့ဖြစ်သည်။
ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ သွင်းကုန်လိုင်စင်ကြိုတင်လျှောက်ထားနိုင်မည့် လိုင်စင်လိုင်းများ
2017 Customs Tariff of Myanmar အရ သတ်မှတ်ကုန်စည်လိုင်းများကို ၂၀၂၂ ခုနှစ် မတ်လ ၁ ရက်မှစတင်၍ သွင်းကုန်လိုင်စင် လျှောက်ထားရယူပြီးမှသာ တင်သွင်းခွင့်ပြုမည်ဖြစ်ရာ လိုင်စင်ကြိုတင်လျှောက်ထားလိုပါက ဖေဖော်ဝါရီ ၁ ရက်မှ စတင်လျှောက်ထားနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အသိပေးကြေညာထားသည်။
ပြည်ပမှ တင်သွင်းသည့် ကုန်စည်များနှင့်စပ်လျဉ်း၍ သွင်းကုန် လိုင်စင်လျှောက်ထားရန် လိုအပ်သော ကုန်စည်လိုင်းအဖြစ် 2017 Customs Tariff of Myanmar အရ HS.Code 6 Digit ဖြင့် ကုန်စည် ၄၅၁ လိုင်း သို့မဟုတ် HS.Code 10 Digit ဖြင့် ကုန်စည် ၈၂၆ လိုင်းကို သွင်းကုန်လိုင်စင် လျှောက်ထားရန် လိုသော ကုန်စည်လိုင်းများအဖြစ် ၂၀၂၂ ခုနှစ် မတ် ၁ ရက်မှ စတင်၍ သတ်မှတ်ထုတ်ပြန်သော ပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်သည့်သတင်းလွှာ (၂၀/၂၀၂၂)ဖြင့် ထုတ်ပြန်ထားသည်။
အဆိုပါသတင်းလွှာ၏ပူးတွဲပါ ကုန်စည်လိုင်းများအား ၂၀၂၂ ခုနှစ် မတ် ၁ ရက်မှစတင်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ သွင်းကုန်လိုင်စင် လျှောက်ထားရယူပြီးမှသာ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း သတ်မှတ်ထားရာ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ လုပ်ငန်းဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေစေရေးအတွက် သတ်မှတ်ရက်မတိုင်မီ သွင်းကုန်လိုင်စင်များအား ကြိုတင်လျှောက်ထားလိုပါက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ သွင်းကုန်လိုင်စင် လျှောက်ထားခွင့်ပြုမည်ဟု ကြေညာထားသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော (CMP) နှင့်အခြားသောကုန်ပစ္စည်းများကို တင်ပို့လျက်ရှိသည်။
သွင်းကုန်တင်သွင်းမှုတွင် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်းပစ္စည်းများကို အဓိကတင်သွင်းလျက်ရှိသည်။
နှစ်အလိုက် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုအနေဖြင့် ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၈၉၇၇ ဒသမ ၀၁၅ သန်း၊ သွင်းကုန်ဒေါ်လာ ၉၀၆၈ ဒသမ ၉၁၄ သန်းဖြင့် ကုန်သွယ်မှုဒေါ်လာ ၁၈၀၄၅ ဒသမ ၉၂၉ သန်းရရှိခဲ့သည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပို့ကုန် ဒေါ်လာ ၁၁၁၃၆ ဒသမ ၈၇၈ သန်း၊ သွင်းကုန်ဒေါ်လာ ၁၆၅၇၇ ဒသမ ၉၄၈ သန်းဖြင့် ကုန်သွယ်မှု ဒေါ်လာ ၂၇၇၁၄ ဒသမ ၈၂၆ သန်း ရရှိခဲ့သည်။၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်တွင် ပို့ကုန် ဒေါ်လာ ၁၁၉၉၈ ဒသမ ၅၄၅ သန်း၊သွင်းကုန်ဒေါ်လာ ၁၇၂၁၁ ဒသမ ၀၆၂ သန်းဖြင့် ကုန်သွယ်မှု ဒေါ်လာ ၂၉၂၀၉ ဒသမ ၆၀၇ သန်း ရရှိခဲ့သည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် တွင် ပို့ကုန်ဒေါ်လာ ၁၄၈၈၃ ဒသမ ၁၆၀ သန်း၊ သွင်းကုန်ဒေါ်လာ ၁၈၆၉၄ ဒသမ ၈၉၂ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၃၅၇၈ ဒသမ ၀၅၂ သန်း ရရှိခဲ့သည်။
၂၀၁၈ ခုနှစ် Mini Budget တွင် ပို့ကုန်ဒေါ်လာ ၈၈၆၁ ဒသမ ၀၃၂ သန်း၊ သွင်း ကုန်ဒေါ်လာ ၉၈၆၇ ဒသမ ၇၈၃ သန်းဖြင့် ကုန်သွယ်မှု ပမာဏဒေါ်လာ ၁၈၇၂၈ ဒသမ ၈၁၅ သန်းရရှိခဲ့သည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တွင် ပို့ကုန်ဒေါ်လာ ၁၇၀၆၀ ဒသမ ၄၁၅ သန်း၊ သွင်းကုန်ဒေါ်လာ ၁၈၀၈၆ ဒသမ ၅၉၇ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၃၅၁၄၇ ဒသမ ၀၁၂ သန်းရရှိခဲ့သည်။
ကုန်သွယ်မှုဆောင်ရွက်ရာတွင် ဌာန ဆိုင်ရာအဖွဲ့အစည်းများမှ ငွေကြေးတောင်းခံမှုများ သတင်းများနှင့်ပတ်သက်၍ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီသို့ တိုင်ကြားနိုင်ကြောင်း အဆိုပါကော်မတီက အသိပေးကြေညာထားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၃၆၆/၂၀၂၁ ဖြင့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင် ကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ “ကုန်သွယ်မှုဆောင်ရွက်ရာတွင် ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ ငွေကြေးတောင်းခံမှု သတင်းများ” နှင့်ပတ်သက်၍ ဖုန်း-၀၆၇-၄၀၉၈၈၁၊ လက်ကိုင်ဖုန်း -၀၉၆၉၉၆၁၁၁၁၆၊ ဖက်စ် -၀၆၇ -၄၀၉၈၈၇ နှင့် အီးမေး antiillegaltradeoffice@gmail.com တို့ကို တိုင်ကြားနိုင်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီက ကြေညာထားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃၆၆/၂၀၂၁ ဖြင့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ “ တရားမဝင်ကုန်သွယ်မှုသတင်းများ” နှင့်ပတ်သက်၍ တယ်လီဖုန်း -၀၆၇-၄၀၉၈၈၃၊ လက်ကိုင်ဖုန်း- ၀၉၄၀၄၃၃၉၉၆၉ ၊ ဖက်စ် -၀၆၇- ၄၀၉၈၈၆ နှင့် အီးမေး antiillegaltradeinfo@gmail.com တို့ကို တိုင်ကြားနိုင်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
