ဇွဲကပင်တောင်ရင်ပြင်တိုးချဲ့ခြင်း လုပ်ငန်းအဖြစ် ရာနှုန်းပြည့်ပြီးစီးနေသည့် ဇွဲကပင်တောင်စေတီ (View Point) အား ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကျွမ်းကျင်ပညာရှင်များ ထပ်မံစစ်ဆေးပြီးမှသာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
“မှန်သားခင်း (View Point)လုပ်ငန်းက တပေါင်းလပြည့်နေ့ (မတ် ၂၀ ရက်) မှာ အပြီးသတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အပြီးသတ်စစ်ဆေးမှုခံယူဖို့ လိုအပ်တာမို့ ဘုရားဖူး ဧည့်သည်ဝင်ရောက်ကြည့်ရှုမှုကို ယာယီပိတ်ထားရခြင်း ဖြစ်ပါတယ်။ သက်ဆိုင်ရာအစိုးရ အဖွဲ့ဝင်တွေနဲ့ ကျွမ်းကျင်ပညာရှင်တွေ ထပ်မံစစ်ဆေးဖို့ရှိတဲ့အတွက် သူတို့စစ်ဆေးပြီးမှသာလျှင် ဝင်ရောက်ကြည့်ရှုခွင့်ပြုမှာဖြစ်ပါတယ်”ဟု ရင်ပြင်တိုးချဲ့ရေး ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
ဇွဲကပင်စေတီရင်ပြင်တော်တိုးချဲ့မှုနှင့် ပတ်သက်၍ ဒေသအတွင်း စိုးရိမ်ကြောင့်ကျမှုနှင့်အတူ ဝေဖန်မှုမြင့်တက်လျက်ရှိသော်လည်း ရင်ပြင်တော်တိုးချဲ့မှု အပြီးသတ်နိုင်ခဲ့ပြီး ထိုတိုးချဲ့မှုနှင့်ပတ်သက်၍ လွန်ခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်က ရင်ပြင်တော်တိုးချဲ့ရေး ဦးဆောင်လုပ်ကိုင်နေသည့် ဂေါပကအဖွဲ့ဝင်များနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇွဲကပင်တောင်စေတီရင်ပြင်တော်တိုးချဲ့မူနှင့် ပတ်သက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် မွန်တိုင်းရင်းသားဝန်ကြီး ဦးမင်းတင်ဝင်းက “ရင်ပြင်တော်တိုးချဲ့မှုလုပ်ငန်းက ကျွမ်းကျင်ပညာရှင်မပါဘဲ လုပ်ကိုင်တဲ့အတွက် ဒေသခံပြည်သူတွေ စိုးရိမ်စရာအနေအထားရှိသလို ဝေဖန်မှုတွေမြင့်တက်ခဲ့တယ်။ Cantilever က နံရံမှာ ထိုးထွက်နေတဲ့ရက်မလုပ်ဖို့ ကျောက်သားအတွင်း သံရက်မကြီးနဲ့ ထိုး ထည့်လို့ အလေးချိန်မခံနိုင်တဲ့အခါ အရမ်းစိုးရိမ်စရာ ရှိလာနိုင်တာပေါ့။ ဒီအတွက် ပြည်နယ်အစိုးရအနေနဲ့ ၀ိုင်းဝန်းလုပ်ဆောင်တဲ့သဘော၊ ပညာရှင်တွေကိုခေါ်ယူပြီးတော့ စစ်ဆေးမှုကို ပြုလုပ်ပေးပါတယ်။ အားလုံးပူးပေါင်းပြီး ညှိနှိုင်းမှုယူပြီး ပူးပေါင်းလုပ်ဆောင်ရတာပေါ့” ဟု ပြောကြားသည်။
ဇွဲကပင်တောင်စေတီမှန်သားခင်း (View Point) ချဲ့ထွင်ခြင်း ၂၀၁၈ ခုနှစ် ဇွန်လတွင် စတင်အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ပြီး ၂၀၁၉ ခုနှစ် မတ် ၂၀ ရက် (တပေါင်းလပြည့်နေ့) တွင် ပြီးစီးခဲ့ပြီး စေတီတော်အရှေ့ဘက်သို့ အလျားပေ ၁၀၀၊ အနံအ ကျယ် ၁၅ ပေအထိ သံပေါင်များဖြင့် တိုးချဲ့ထားခြင်းဖြစ်ကာ လက်ရှိအချိန်တွင် တိုးချဲ့ရင်ပြင်တော်သို့ တက်ရောက်မှုအား ပိတ်ပင်ထားပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကျွမ်းကျင်ပညာရှင်များ လာရောက်ကြည့်ရှုစစ်ဆေးပြီးမှသာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
