၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြည်သူ့ဆန္ဒလူထုထောက်ခံပွဲကို မကွေးတိုင်းဒေသကြီး မကွေးမြို့ မြသလွန်စေတီတော်ပွဲတော်ကွင်းတွင် မတ် ၂၅ ရက် ညနေပိုုင်းက ကျင်းပခဲ့ပြီး နီးစပ်ရာမြို့နယ်များအတွင်း ကျေးရွာများကအထိ ပြည်သူများစွာတက်ရောက် ထောက်ခံလက်မှတ်ရေးထိုးခဲ့သည်။
အဆိုပါထောက်ခံပွဲသို့ မကွေး၊ မင်း ဘူး၊ စကု၊ ပွင့်ဖြူ၊ စလင်း၊ မင်းလှ၊ ရေနံချောင်း၊ ချောက်၊ မြို့သစ်၊ နတ်မောက်၊ တောင်တွင်း ကြီးမြို့နယ်များသာမက ကျေးရွာများမှ ပြည် သူများပါလာရောက်ခဲ့ကြကြောင်း ယင်းပွဲသိုု့ တက်ရောက်ခဲ့သည့် ပြည်သူများသည် မြသလွန်စေတီသို့ သွားရောက်ရာလမ်းမတွင် စီတန်းလမ်းလျှောက်ခဲ့ကြပြီး ၂၀၀၈ ခြေ/ ဥ ပြင်ဆင်ရေးစာသားပါ နဖူးစည်းအနီရောင်များကို စည်းခဲ့ကြကြောင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး တို့အရေး၊ ငြိမ်းချမ်း ရေးကိုဖော်ဆောင်သော အခြေခံဥပဒေပေါ် ပေါက်ရေး တို့အရေး၊ တန်းတူညီမျှ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး တို့အရေး၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီ အောင်ရမည် စသည့်ကြွေးကြော်သံများကို ကြွေးကြော်ခဲ့ကြကြောင်း သိရသည်။
“ပြည်သူတွေက လုပ်တယ်ဆိုတာ တိုင်းပြည်မှာလည်း လိုအပ်နေတဲ့ အခန်းကဏ္ဍတစ်ခုကို ဖြည့်ဆည်းကြတာပါ။ လုပ်သင့်လုပ်ထိုက်လို့လည်း ပြည်သူတွေက ဆန္ဒတွေဖော်ထုတ်ကြတာပါ။ ဒါက တစ်ဦးတစ်ယောက်နဲ့ အဖွဲ့အစည်းတစ်ခုနဲ့ လုုပ်လို့ရတဲ့ကိစ္စလည်း မဟုတ်ပါဘူး။ ပြည်သူ့ဆန္ဒပါလို့ လူစုလူဝေးတွေ ဖြစ်တာပါ။ မြို့တိုင်း မြို့တိုင်းမှာ လူစုလူဝေးတွေ ဖြစ်တာဟာ ဒါပြည်သူလူထုရဲ့ ဆန္ဒအမှန်ကို ဖော်ထုတ်တာပါ” ဟု အဆိုပါပွဲသို့ တက်ရောက်ခဲ့သည့် မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာက ပြောကြားသည်။
ယင်းပွဲသို့ ပါဝင်တက်ရောက်ခဲ့သည့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးတင်နွယ်ဦးက “အမှန်တကယ်တော့ ပုဒ်မတစ်ခုချင်းကို ပြင်မှာမဟုတ်ဘဲနဲ့ အခြေခံကစပြီး ပြင်မှာဖြစ်တဲ့အတွက် အချိန်တစ်ခုတော့ ယူရပါမယ်။ အချိန်တစ်ခုယူပြီး အားလုံးက ပူးပေါင်းကြရင် ကောင်းမွန်တဲ့ရလဒ်ကို ရလာမှာဖြစ်ပါတယ်။ အခြေခံဥပဒေပြင်တဲ့အခါမှာ အခြေခံကနေ အစအဆုံး ပြင်ဆင်နိုင်ရေးက အင်မတန်အရေးကြီး တယ်ဆိုတာကို ပြည်သူတွေက အခုလိုပြသနေတာကို ပြည်ထောင်စုလွှတ်တော်ထဲမှာ ပြင်ဆင်ဖို့ တကယ်တာဝန်ရှိတဲ့သူတွေက တကယ်လေ့လာပြီးတော့ ပြည်သူ့အသံကိုု နားလည်ဖို့က ဒီလိုပွဲမျိုးတွေ များများလိုတယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒီလိုပွဲမျိုးတွေကလည်း ပြည်သူတွေက သူတို့ဆန္ဒနဲ့ သူတို့ ဆန္ဒပြုကြတာပါ။ ဒါကြောင့်မလို့ အရင်ခေတ်တွေက အခြေခံဥပဒေကြီးကို ပြည်သူပေါင်း ဘယ်လောက်က ထောက်ခံခဲ့ပါတယ် ဆိုတာမျိုးထက် ဒီအချိန်မှာ ခေတ်ကာလနဲ့ အမျှ ပြည်သူ့ရဲ့ဆန္ဒကဘယ်လိုပြောင်းသွား ပါပြီဆိုတာကို အခြေခံဥပဒေချုပ်ကိုင်ထားသူတွေကို ပြည်သူက မျက်ဝါးထင်ထင်ပြသနေတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
အဆိုပါ ထောက်ခံပွဲတွင် မကွေးတက္ကသိုလ်ကျောင်းသားဟောင်း ကိုချမ်းမြေ့ကိုကို၊ စာရေးဆရာမ နှင်းပန်းအိမ်နှင့် တေးရေး ဆရာ၊ ကဗျာဆရာနိုုင်မြန်မာတိုု့က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သင့်သည့် အခြေအနေအား ဟောပြောခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
