Top News

ဘီလူးချောင်းတစ်လျှောက်တွင် မိုးကြိုပြောင်းများစိုက်ပျိုးရာ ငမြှောင်တောင်ပိုးနှင့် ဖျက်အားပြင်း ဖောငမြှောင်တောင်များ ဖျက်ဆီးသဖြင့် လာမည့်မိုးရာသီပြောင်းစိုက်ပျိုးတောင်သူများ စိုးရိမ်နေကြ
24htopnews | November 27, 2024 5:12 AM CST

လွိုင်ကော်မြို့နယ် လောပိတစက်ရုံများ၏ ဘေးဘီလူးချောင်းတစ်လျှောက်တွင် မိုးကြိုပြောင်းပင်များစိုက်ပျိုးရာ ငမြှောင်တောင် ပိုးနှင့်ဖျက်အားပြင်း ဖောငမြှောင်တောင်များ ဖျက်ဆီးသဖြင့် လာမည့်မိုးရာသီ ပြောင်းစိုက်ပျိုးတောင်သူများအတွက် စိုးရိမ်နေကြရကြောင်း သိရသည်။

“ပြောင်းကဒီရာသီမှာ စိုက်တော့အကုန် ထွက်လာတာပဲ။ မိုးတွင်းကျရင် အကုန်စိုက်ပြီးဆိုရင် သူတို့အကုန်ပွားပြီးပဲ။  အခုကစိုက်တဲ့နေရာတိုင်းမှာ ဖြစ်တယ်။ ရှမ်းမြောက် နောင်ချိုတို့၊ ကရင်တို့၊ ဧရာဝတီတို့ဘက်မှာလည်း ဖြစ်တယ်။ မိုးတွင်းမှာဆို ပိုဆိုးမယ်။ အခုတော့ စိုက်ပျိုးရေးဌာနကလူတွေက ဟောပြောပွဲတွေလုပ်နေတယ်။ ကျွန်တော့်ကိုလည်း ချိတ်ထားတယ်” ဟု ကယားပြည်နယ် ပြောင်းစိုက်ပျိုး ထုတ်လုပ်သူများအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်မောင်က ပြောကြားသည် ။

မိုးရာသီတွင် ငမြောင်တောင်ပိုးများ  ပိုမိုပွားများတတ်ပြီး တစ်ညလျှင် ဧက ၃၀ ခန့်ထိဖျက်ဆီးနိုင်သဖြင့် ကြိုတင်ကာကွယ်မှသာလျှင် အဆင်ပြေစိတ်ချရမည်ဖြစ်ကြောင်း သိရသည် ။

ပြောင်းစေ့အဝယ်စျေးနှုန်းများမှာ ပုံမှန်သာရှိနေသော်လည်း ပြောင်းမျိုးစေ့စျေးနှုန်းများမှ တက်လာကြောင်း။ ၈၀၈ တံဆိပ်နှင့် ၆၂၈  ပြီးခဲ့သည့်နှစ်တွင် ကျပ်သုံးသောင်းကျော် ရှိနေရာ ယခုနှစ်မတ်လအတွင်း ကျပ် လေးသောင်းကျော်ထိ တက်သဖြင့်လာမည့် စိုက်ပျိုးရာသီတွင် စျေးပိုမိုတက်မည်ကို စိုးရိမ်နေကြရကြောင်း သိရသည် ။

ကယားပြည်နယ်တွင် အခြားသီးနှံများထက် တစ်နှစ်ထက်တစ်နှစ် ပြောင်းစိုက်ပျိုးမှု ပိုမိုများပြားလာပြီး ခန့်မှန်းဧက ၈၀၀၀၀ နီးပါးရှိကြောင်း ၊တောင်သူအများစုမှာ ချေးငွေများဖြင့်စိုက်ပျိုးနေကြရကြောင်း သိရသည်။

၂၀၁၈ စက်တင်ဘာလအတွင်း ကယားပြည်နယ် လွိုင်ကော်မြို့နယ်ရှိ အချို့ကျေးရွာများအပြင် ကယားပြည်နယ်နှင့် နယ်နိမိတ်ဆက်စပ်နေသော ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ၊မိုးဗြဲမြို့များတွင် ငမြှောင်တောင်ပိုးများ ကျရောက်သောကြောင့် သက်ဆိုင်ရာဌာနဆိုင်ရာများက ပိုးသတ်ခြင်း၊ ပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။                             


READ NEXT
Cancel OK