အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အဂတိလိုက်စားမှု ဥပဒေဖြင့် အမှုဖွင့်၍ ထားဝယ်အကျဉ်းထောင်တွင် ဖမ်းဆီးစစ်ဆေးခြင်း ခံနေရသည့် ဝန်ကြီးချုပ်ဟောင်း ဒေါက်လဲ့လဲ့မော်နှင့် GGS ကုမ္ပဏီ တာဝန်ရှိသူ လေးဦးတို့ကို ယနေ့ မတ်လ ၂၅ ရက်နေ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် တိုင်းဒေသကြီး တရားလွှတ်တော်ရုံး၌ ရုံးထုတ်ခဲ့ကြောင်း သိရသည်။
၎င်းတို ့ လေးဦးအား ရုံးထုတ်ချိန်တွင် ရဲတပ်ဖွဲ ့အင်အား အများအပြားဖြင့် လုံခြုံရေးရယူကာ ရုံးထုတ်ခဲ့ပြီး ထားဝယ်အကျဉ်းထောင်မှ ရဲတပ်ဖွဲ ့ကား သုံးစီးဖြင့် ရုံးထုတ်လာခြင်း ဖြစ်သည်။
ထို့နောက် တရားလွှတ်တော် တရားသူကြီးရှေ ့တွင် ၁၀ မိနစ်ခန် ့မေးမြန်းမှုများ ပြုလုပ်ပြီးနောက် နေ့လည် ၂ နာရီ ၃၀ မိနစ်တွင် ထားဝယ်အကျဉ်းထောင်သို့ ပြန်လည် ပို့ဆောင်ခဲ့သည်။ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်၊ Global Grand Services (GGS) ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် အထွေထွေမန်နေဂျာ ဦးသူရအုံ တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် ထားဝယ်မြို့မရဲစခန်းတွင် အမှုတွဲ လေးခုဖြင့် မတ်လ ၁၀ ရက်က အမှုဖွင့်ခဲ့ပြီးနောက် ထားဝယ်အကျဉ်းထောင်၌ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီး ယနေ့တွင် ၎င်းတို ့ လေးဦးစလုံးကို တပြိုင်နက် ရုံးထုတ်လာခြင်းဖြစ်ကာ ဒေသခံများ လာရောက်ကြည့်ရှုခဲ့ကြသည်။
ဒေါက်တာလဲ့လဲ့မော် ပါ လေးဦးကို ရုံးထုတ်ရာ၌ ဒေါက်တာလဲ့လဲ့မော်ကို လက်ထိပ်ခတ်ထားခြင်း မရှိခဲ့ဘဲ ကျန် သုံးဦးကိုမူ လက်ထိပ်ခတ်ထားခဲ့သည်ကို တွေ ့ရပြီး နောက်လာမည့် ရုံးချိန်းကို ဧပြီလ ၄ ရက်သို ့ချိန်းဆိုထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
