ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၉၇ မိုင်အနီးတွင် မတ်လ ၂၅ ရက် နံနက်အစောပိုင်းက နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့သွားနေသော ဘုရားဖူး လိုက်ထရပ်ယာဉ်အား၊ ရွှေကိန္ဒရီ Express ခရီးသည်တင် မှန်လုံယာဉ်တစ်စီးက နောက်မှဝင်တိုက်မိပြီး လိုက်ထရပ်ယာဉ်ပေါ်လိုက်ပါသူ အမျိုးသမီးလေးဦး သေဆုံး၍ ၁၀ ဦး ခန့် ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများထံမှ သိရသည်။
ယာဉ်မတော်တဆမှုဖြစ်ပွားသည့် အခြေအနေနှင့်ပတ်သက်ပြီး မြို့ချောင်း အမြန်လမ်းမကြီးရဲစခန်းမှူး ရဲအုပ်ဇော်လင်းက “သေသွားတယ် ။ သေတာက ၃ ယောက်၊ လောလောဆယ် ကျွန်တော် တို့ ကြေးနန်းတင်ထားတာက သုံးယောက်၊ နောက်ထပ်အခြေအနေ မကောင်းတဲ့ဟာတွေရှိသေးတယ်၊ အဲ့ဒါတွေက မသိရသေးဘူး ။ မေးနေတုန်း၊ ကားကရှေ့က လိုက်ထရပ်က မောင်းလာတာကို နောက်ကနေ ဝင်တိုက်တာ၊ ဝင်တိုက်တာတော့ သူ့အရှိန်သူ မထိန်းနိုင်တဲ့သဘောပါ၊ နေပြည်တော် ရန်ကုန်လမ်းမှာဖြစ်တာ၊ လူနာတွေကို မြို့ချောင်းဆေးရုံရယ်ဖြူးရယ်ကို ပို့ထားတယ်” ဟု မတ်လ ၂၅ ရက် နံနက် ၉ နာရီခန့် က ပြောကြားသည်။
ဖြစ်စဉ်မှာ မတ်လ ၂၅ ရက် နံနက် ၃ နာရီခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၌ ယာဉ်မောင်း ကိုအောင်မိုးအောင် မောင်းနှင်လာသော ယာဉ်အမှတ် YGN 5J/---- လိုက်ထရပ်အဖြူရောင် မော်တော်ယာဉ်မှာ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာစဉ် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၉၇ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံအကြားသို့အရောက်တွင် နောက်မှ ယာဉ်မောင်း ကိုအောင်မြင့် ယာဉ်အမှတ် YGN-3C/------- ၀ါ/နက်ရောင် ရွှေကိန္ဒရီ ခရီးသည်တင်မှန်လုံယာဉ်က ကျော်တက်ရာမှ အရှိန်
မထိန်းနိုင်ပဲ ဘုရားဖူး လိုက်ထရပ်မော်တော်ယာဉ်၏ နောက်ဝဲဘက်ပိုင်းအား ဝင်ရောက်တိုက်မိခဲ့ပြီး ယာဉ်နှစ်စီးလုံး လမ်းမယာဘက် မြေသားလမ်းပေါ်သို့ ရောက်ရှိ ရပ်တန့်သွားခဲ့ခြင်း ဖြစ်သည်။
ယာဉ်မတော်တဆမှုဖြစ်ပွားရာသို့ မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်းမှူး ရဲအုပ်ဇော်လင်းနှင့်တပ်ဖွဲ့ဝင်များ၊ မြို့ချောင်းအမြန်လမ်းမီးသတ် စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး ဆောင်ရွက်ခဲ့ရာ နောက်မှဝင်တိုက်သော ရွှေကိန္ဒရီ Express ယာဉ်ပေါ်လိုက်ပါသူ
ခရီးသည် ၄၂ ဦးတွင် ထိခိုက်ဒဏ်ရာရရှိခြင်း မရှိသော်လည်း ရှေ့မှ အတိုက်ခံရသော လိုက်ထရပ်ယာဉ်ပေါ်ပါရှိသူ ၁၆ ဦးအနက် တောင်ငူ မြို့နယ်နေ မဆွေဆွေလှိုင် ၊ ဒေါ်ချို ၊ ဒေါ်ခင်မြ ၊ တို့ သုံးဦးမှာ ရရှိသော ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင်
သေဆုံးသွားခဲ့ပြီး အခြားခရီသည် ၁၀ ဦးခန့်မှာ ထိခိုက်ဒဏ်ရာများ အသီးသီး ရရှိသွားခဲ့သဖြင့် ၄င်းတို့အား အမြန်လမ်းမကြီး တပ်ဖွဲ့ပိုင်မော်တော်ယာဉ်၊ နီးစပ်ရာ ပရဟိတမော်တော်ယာဉ်များဖြင့် မြို့ချောင်းဆေးရုံနှင့် ဖြူးဆေးရုံများသို့ပို့ဆောင်ကုသ ပေးထားခဲ့ရကြောင်း၊ထိုသို့
ကုသနေစဉ် ဒေါ်ဆေးဆေး မှာ အခင်းဖြစ်စဉ်ရရှိခဲ့သော ဒဏ်ရာဖြင့် ဖြူး ဆေးရုံတွင် ထပ်မံသေဆုံးသွားခဲ့ကြောင်းနှင့် ဒဏ်ရာများရရှိ၍ ဆေးရုံများတွင် ဆေးကုသမှု ခံယူနေသူများအနက် အချို့မှာ ဒဏ်ရာပြင်းထန်သော အခြေအနေရှိကြောင်း ဖြူးဆေးရုံ သို့သွားရောက်ကြည့်ရှုခဲ့သည့် တောင်ငူမြို့နေသူများထံမှ သိရသည်။
ဖြူးဆေးရုံတွင်ရောက်ရှိနေသော သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများအား သွားရောက်ကြည့်ရှုခဲ့သည့် တောင်ငူမြို့နေ ကိုမျိုးက “ဆုံးသွားတာက ကျွန်တော့်အဒေါ်လေ၊ လေးယောက်ဆုံးသွားတာလေ။ကျန်တဲ့ဟာကတော့ ရပ်ဆွေရပ်မျိုးတွေပေါ့နော်၊ ဖြူး ဆးရုံမှာအဒေါ်ရဲ့အလောင်းကတော့ ပို့တော့ပို့လိုက်ပြီ၊ ဘာတွေ အခက်အခဲဖြစ်နေတုန်းဆိုတော့ နှစ်ယောက်က အခြေအနေတော်တော်ဆိုးတယ်၊ မစန်းမြင့်နဲ့မသီတာနဲ့ဆိုးတယ်။ အဲ့လိုဖြစ်နေတယ်၊ ဓါတ်မှန်ရိုက်ပြီးပြီလေ ။ တစ်ယောက်က နံရိုးလေးချောင်း ကျိုးသွားတယ် ။ အဆုတ်ထိသွားတယ်၊ မသီတာက အဆုတ်ထိသွားတယ်၊ နောက်တစ်ယောက်က ခြေထောက်ထိသွားတယ်” ဟု လူနာများ၏အခြေအနေအား နံနက် ၁၁ နာရီ ခန့်က ပြောကြားသည်။
အဆိုပါ ယာဉ်မတော်တဆမှုဖြစ်စဉ်ကြောင့် ဘုရားဖူးလိုက်ထရပ်ယာဉ်မှာ ယာဉ်၏ကိုယ်ထည်နောက်ပိုင်း တစ်ခုလုံးနီးပါး ပျက်စီးသွားခဲ့ပြီး၊နောက်မှဝင်တိုက်သော ရွှေကိန္ဒရီ Express မော်တော်ယာဉ်မှာ ရှေ့ခေါင်းညာဘက်ခြမ်း လေကာမှန်နှင့် ခေါင်းပိုင်းတို့ ကွဲကြေပျက်စီး သွားခဲ့ကြောင်း၊ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ရွှေကိန္ဒရီ Express ယာဉ်မောင်း ကိုအောင်မြင့်အား မြို့ချောင်း အမြန်လမ်းမကြီး ရဲစခန်းမှယာဉ် (ပ)၁၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ တို့ဖြင့်အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယခု ၂၀၁၉ ခုနှစ် မတ်လ အတွင်း Express မော်တော်ယာဉ်များ ယာဉ်မတော်တဆမှုဖြစ်ပွား၍ လူသေဆုံး ထိခိုက်မှုများပြားခဲ့ပြီး မတ်လ ၅ ရက်နေ့နံနက်အစောပိုင်း က ကလေးမြို့မှ ရန်ကုန်မြို့သို့ပြေးဆွဲနေသောHIGH CLASS ခရီးသည်တင်မှန်လုံယာဉ်တစ်စီးမှာလည်း အမြန်လမ်းမကြီး ၇၇ မိုင် အနီးတွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာမှယာဉ်ပေါ်လိုက်ပါသူ သံဃာ ၄ ပါး အပါအဝင် ခရီးသည် ၁၁ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၅ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
