ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လက်ရှိဆောင်ရွက်နေသည့် YBS၊ YPနှင့် ရန်ကုန်မြို့သစ်စီမံကိန်းများ လုပ်ဆောင်နေမှုအပေါ် ပြည်သူများသိရှိနိုင်ရေး ပွင့်လင်းမြင်သာစွာထုတ်ပြန်ပေးရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ရန်ကုန်တိုင်းအစိုးရအပေါ် တိုင်ကြားမှုများအား သမာသမတ်ကျစွာဖြင့် စိစစ်အရေးယူဆောင်ရွက်ပေးရန် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF) ရန်ကုန်တိုင်းဒေသကြီးစည်းရုံးရေးကော်မတီက လေးနက်စွာတောင်းဆိုကြောင်း မတ် ၂၅ ရက်တွင် သတင်းထုတ်ပြန်သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံသို့ အကြံပြုတိုက်တွန်းချက်အဖြစ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF) ရန်ကုန်တိုင်းဒေသကြီး စည်းရုံးရေးကော်မတီက သတင်းထုတ်ပြန်တောင်းဆိုမှုတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် လက်ရှိဆောင်ရွက်နေသော YBS/YPနှင့် ရန်ကုန်မြို့သစ်စီမံကိန်းများ လုပ်ဆောင်နေမှုများအပေါ်တွင် စီမံလုပ်ကိုင်ဆောင်ရွက်နေမှုများအား ရန်ကုန်တို်င်းဒေသကြီးအတွင်းရှိ ပြည်သူများ သိရှိနိုင်ရေးအတွက် ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်ပေးရန် အကြံပြုပါကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့်လည်း ရန်ကုန်တိုင်းဒေသကြီးတွင် နေထိုင်ကြသည့် ပြည်သူများက ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့်ပတ်သက်သော တိုင်ကြားမှုများအား သမာသမတ်ကျစွာဖြင့် စိစစ်အရေးယူဆောင်ရွက်ပေးရန်နှင့် ထိုလုပ်ဆောင်မှုများကို ပြည်သူအများသိရှိ စေရန်အတွက် ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်ပေးရန် လေးနက်စွာ အကြံပြုတိုက်တွန်းပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ တိုက်တွန်းသည့်အပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လက်ရှိဆောင်ရွက်နေသည့် YBS၊ YPနှင့် ရန်ကုန်မြို့သစ်စီမံကိန်းများ လုပ်ဆောင်နေမှုနှင့် ပတ်သက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့လည်း တိုင်ကြားသွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF) ရန်ကုန်တိုင်းဒေသကြီး စည်းရုံးရေးကော်မတီအတွင်းရေးမှူးက ''မတ်လကုန်ပိုင်းမှာ တိုင်ကြားသွားမယ်'' ဟု ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
