ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းလာသည့် ဥပဒေကြမ်း တစ်ရပ်အား အတည်ပြုကို ပြုရမည် ဆိုသည့် ပြဋ္ဌာန်းချက်မျိုး ဥပဒေတွင် ပြဋ္ဌာန်းထားခြင်းမရှိဟု ဥပဒေကြမ်း ပူးပေါင်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားခဲ့သည်။
မတ် ၂၃ ရက်တွင် ဒေါက်တာ မြတ်ဉာစိုးအား ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ဆောင်ရွက် ချက်များနှင့်ပတ်သက်၍ မေးမြန်းစဉ် သတင်းထောက်များအား ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
သတင်းထောက်တစ်ဦးက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီက တင်လာသည့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေးကို လွှတ်တော်မှာ ဆုံးဖြတ်ပြီး ဆွေးနွေးခွင့်မပေးဘဲ ဆောင်ရွက်နေသည်ကို သုံးသပ်မှုများအပေါ် သုံးသပ်ပေးရန် မေးမြန်းခဲ့သည်။
အဆိုပါမေးမြန်းချက်အား ဒေါက်တာမြတ်ဉာဏစိုးက “မှန်ပါတယ်။ ဆိုလိုတဲ့သဘောက ဥပ ဒေကြမ်းတစ်ရပ်ဟာ လွှတ်တော်ကို တင်သွင်းလိုက်တာနဲ့အတည်ပြုကို ပြုရမယ်ဆိုတာမျိုးဟာ မရှိပါဘူး။အဲဒီလိုပြဋ္ဌာန်းချက်မျိုး၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေ အခန်း ၁၂ မှာ အဲလို ပြဋ္ဌာန်းချက်မျိုးပါခဲ့ရင် ဒီနေ့ ဒီအချိန်အခါမှာ ကျွန်တော်တို့ အဲအတိုင်း ဆောင်ရွက်ရမှာပါ။ကျွန်တော်တို့ အခု ပြန်လည်ပြီးတော့ လေ့လာသုံးသပ်နေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း ၁၂ ပြင်ဆင်ရေးအခန်း ပြဋ္ဌာန်းချက်မှာ အဲဒါ မပါခဲ့ဘူး။ အဲဒီတုန်းက ရေးဆွဲခဲ့တဲ့ ပုဂ္ဂိုလ်တွေသာ အဲဒါကို ပုဒ်မတစ်ခုအနေနဲ့ ထည့်သွင်းပြီးတော့ပေါ့။ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းကိုတင်သွင်းလာတဲ့ အခါမှာလွှတ်တော်သည် ဆိုင်းငံ့ခြင်း သို့မဟုတ် ပယ်ချခြင်း၊ အဲဒီလိုပေါ့။ အတည်မပြုဘဲဆောင်ရွက်ခြင်း တစ်နည်းနည်းကိုဆောင်ရွက် ခြင်းမပြုရ၊ မပြုလုပ်ဘဲ ဒီဥပဒေကြမ်းကို အတည်ပြု သည်အထိ ဆက်လက် ဆောင်ရွက်ရမည်ဆိုတဲ့ပြဋ္ဌာန်းချက်မျိုးသာ အခန်း ၁၂ မှာ ပါခဲ့ရင်ကျွန်တော်တို့ အဲဒီအတိုင်း ဆောင်ရွက် မှာပါ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ကိုလည်း တော်တော်များများကလည်း ထောက်ပြပြောဆိုနေတာ ရှိတယ်ပေါ့။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ အတိုင်းပြင်ပါ။ အခန်း ၁၂ အတိုင်းပဲလုပ်ပါ။ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ လုပ်ပါဆိုတဲ့ ပုဂ္ဂိုလ်တွေလည်း အဖွဲ့အစည်းတွေလည်း ရှိတဲ့အခါ ကျတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း ၁၂ မှာ ပုဒ်မ လေး ခုပဲ ရှိတယ်။အဲဒီလေးခုအတိုင်းပဲ ကျွန်တော်တို့ ဆောင်ရွက်မှာပဲ။နောက်တစ်ခါ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေမှာလည်း ကျွန်တော်တို့ ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ဖို့အတွက်က နည်းဥပဒေ ၁၃၃ ကနေပြီးတော့ ၁၃၉ အထိပေါ့။ နည်းဥပဒေ ခုနစ်ခုပဲ ရှိတယ်။ အဲဒီနည်းဥပဒေ ခုနစ်ခုအတိုင်းပဲ ဆောင်ရွက်နေတာပဲ။အဲဒီ ခုနစ်ခုကိုကျော်လွန်ပြီးတော့ ဆောင်ရွက်နေတာလည်း မရှိဘူး။ ခုနစ်ခုကို လျော့နည်းပြီး ဆောင်ရွက်နေတာလည်း မရှိဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအခန်းက ပုဒ်မလေးခုကို ကျော်လွန်ပြီး ဆောင်ရွက်နေတာလည်း မရှိဘူး။ လျော့နည်းပြီးဆောင်ရွက်နေတာလည်း မရှိပါဘူး။ အဲဒီတော့နောက်အရေးကြီးတဲ့ အချက်တစ်ချက်ပေါ့။ ဒါနဲ့ဆက်စပ်ပြီးတော့ ကောင်းပြီ။ အဲတော့ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာဥပဒေမှာ ပြည်ထောင်စုလွှတ်တော် နာယကရဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့်ထဲမှာ အချက်တစ်ချက်ရှိတယ်။ အဲဒီတော့ အရာရာတိုင်းဟာ ဥပဒေဆိုတာက လူကပြုရတာလေ။ ဥပဒေပြုတဲ့ ကိုယ်စားလှယ်တွေက ပြုရတာပေါ့။ အဲဒီတော့ အားလုံး ဥပဒေတိုင်းကပြည့်စုံရမယ်လို့တော့လည်း မဟုတ်ဘူး။ ဥပဒေထဲမှာမပါရင် ဘယ်လိုလုပ်မလဲ။ မပါမယ့် အချက်တွေလည်း ရှိနိုင်တာပဲ။မပါတဲ့အချက်တွေဆိုရင်တော့ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများမှာ သီးခြားသတ်မှတ်ပြဋ္ဌာန်းထားတဲ့ အချက်တွေမရှိရင်တဲ့ လွှတ်တော်ရဲ့ အဆုံးအဖြတ်ကိုရယူပြီး ဆောင်ရွက်ရမယ်တဲ့။ အဲဒါ ဥပဒေ ပြဋ္ဌာန်းချက်ပဲ။ ဒီလောက်ဆိုရင်တော့ တော်တော်ရှင်းလင်းပြီထင်ပါတယ်” ဟု ပြောကြားခဲ့သည်။
ပြည်ထောင်စုလွှတ်တော်သို့ ပြည်ထောင်စုအဆင့်မှ တင်သွင်းသည့်ဥပဒေဆိုပါက ငြင်းပယ်ပိုင်ခွင့် မရှိဘဲ လက်ခံဆွေးနွေးရကြောင်း၊လက်ခံဆွေးနွေးခြင်းနှင့်အတည်ပြုခြင်းသည် မတူကြောင်း၊ လက်ခံဆွေးနွေးပြီးပါက ပြင်ဆင်ချက်များဖြင့် အတည်ပြုခြင်းများရှိကြောင်း၊ပြည်ထောင်စုအဆင့်ကို Turn Down လုပ်ပြီး ပြန်ပို့သည့် ဥပဒေများလည်းရှိကြောင်း၊ ဆိုင်းငံ့ထားသည့် ဥပဒေများလည်း ရှိကြောင်း၊လွှတ်တော်ကိုယ်စားလှယ် တစ်ဦးတစ်ယောက်တည်းက တင်မည်ဆိုပါ က လွှတ်တော်အနေဖြင့် ချက်ချင်း ဆွေးနွေးစရာ မလိုကြောင်း၊ လွှတ်တော်၏ သဘောထားကို ရယူရကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ သုံးပုံတစ်ပုံ သဘောတူညီမှု ဖြင့် တင်သည်ဆိုပါက လွှတ်တော်တွင် ဆွေးနွေးပိုင်ခွင့်ရှိပြီဖြစ်ကြောင်း၊ ထို့အတွက်ပြည်သူများကို ရှင်းရှင်းလင်းလင်း သိရှိစေချင်တာက လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကိုပြည်သူများ စိတ်ဝင်တစားဖြင့် ဖတ်ရှုလေ့လာစေချင်ကြောင်း၊ သို့မှသာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်သည် ့ဥပဒေကြမ်းဆိုသည်မှာ ဥပဒေကြမ်းတစ်ရပ်ပဲ ဖြစ်သည်ကို သိရှိနိုင်မည်ဖြစ်ကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားခဲ့သည်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေက ပုဒ်မ ၁ ကနေ ပုဒ်မ ၄၄၈ အထိ ရှိတယ်။ နောက်ဆက်တွဲဇယားတွေ လည်းရှိသေးတယ်။ ပုဒ်မတစ်ခုချင်းပြင်တာဟာ သင့်မြတ်၏၊ မသင့်မြတ်၏ပေါ့။တင်လာတဲ့ပုဒ်မနဲ့တခြားနှီး နွှယ်တဲ့ပုဒ်မတွေကိုပါ ထည့်သွင်းပြီး အဆိုထပ်တင်မယ်ဆိုရင်ရော ဖွဲ့စည်းပုံတစ်ခုလုံးကို ပြင်ဆင်တဲ့ Process ဆီကိုပဲ ပြန်သွားရမှာ မဟုတ်ဘူးလား။ ဒါကြောင့်လည်း ပုဒ်မ ၂၆၁ နဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေး လေ့လာရေးပူးပေါင်း ကော်မတီကို ထည့်သွင်းဖို့ အကြံ ပြုထားတာပါ။ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေမှာ ပုဒ်မ ၁၃၃၊ ၁၃၄၊ ၁၃၅ မှာ က ဥပဒေမူကြမ်းကို ဘယ်လိုဆွေးနွေးရမယ်ဆိုတာကို သီးခြားပြဋ္ဌာန်းထားခြင်း မရှိဘူး။ ဆိုလိုတာက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းဟာလည်း ကျန်တဲ့ ဥပဒေကြမ်းတွေနဲ့အတူတူပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ မှာ သီးခြားပြဋ္ဌာန်းထားမယ်ဆိုရင် တော့ အဲဒီအတိုင်းဆောင်ရွက်ရမှာ။အချို့အချို့သော ပုဂ္ဂိုလ်များက သုံးသပ်ကြတာရှိတယ်ပေါ့နော်။ ဒါက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းမို့လို့ ဒါကိုဆိုင်းငံ့ထားလို့လည်း မရဘူး။ တခြားဥပဒေ တွေနဲ့ပူးပေါင်း ဆောင်ရွက်လို့လည်း မရဘူးလို့ သုံးသပ်မှုလေးတွေ ရှိနေတယ်။ အဲဒါကို ပြဋ္ဌာန်းထားတာ ဘယ်နေရာမှာမှ ရှာမတွေ့ဘူး။နည်း ဥပဒေ ၁၃၅ မှာဆိုရင် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်ပြီး နာယက အနေဖြင့် လေ့လာစိစစ်ရေးပူးပေါင်းကော်မတီကို ဖွဲ့စည်းရမည်လို့ ပြဋ္ဌာန်းထားတယ်။ လေ့လာစိစစ်ရမယ့် Process အတိုင်း သွားရမယ်လို့ပဲနားလည်တာပေါ့” ဟု ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
