လာမည့် ၂၀၂၂ ခုနှစ်တွင် ထပ်မံလိုအပ်လာသည့် မဂ္ဂါဝပ် ၃၀၀၀ အတွက် ရေနံဓာတ်ငွေ့ရည် (LNG) အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သော စီမံကိန်းသုံးခုနှင့် သဘာဝဓာတ်ငွေ့သုံးစီမံကိန်း တစ်ခုကို စီမံကိန်းများ စတင်ရန် စီစဉ်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်၏ ပြောကြားချက်အရ သိရသည်။
“ယခင်နှစ် အနည်းငယ်က မြန်မာနိုင်ငံအိမ်ထောင်စု စုစုပေါင်းရဲ့ ရာခိုင်နှုန်း ၃၀ ခန့်ကိုသာ လျှပ် စစ်ဓာတ်အားပေးနိုင်ခဲ့ပြီး ၂၀၁၉ ခု နှစ် နှစ်ကုန်ပိုင်းမှာ ရာခိုင်နှုန်း ၅၀ အထိ ဖြန့်ဖြူးပေးနိုင်မှာဖြစ်ကာ ၂၀၃၀ ပြည့်နှစ်မှာ နိုင်ငံတစ်ဝန်းလုံး လျှပ်စစ်ဓာတ်အား ရာနှုန်းပြည့် အပြည့်အဝ ဖြန့်ဖြူးပေးနိုင်ဖို့ စီမံချက်တွေ ချမှတ်ဆောင်ရွက်လျက် ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ နှစ်စဉ်လျှပ်စစ်ဓာတ် အားသုံးစွဲမှုနှုန်းမှာ ၁၅ ရာခိုင်နှုန်းကနေ ၁၉ ရာခိုင်နှုန်းအထိ တိုးမြင့်လာနေပြီး ၂၀၃၀ ပြည့်နှစ်အထိ ပိုမိုတိုးမြင့်နေမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ၂၀၂၂ ခုနှစ်မှာ ထပ်မံလိုအပ်လာမယ့်လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ်အတွက် ရေနံသဘာဝ ဓာတ်ငွေ့ရည်(Liquefied Natural Gas-LNG) အသုံးပြု လျှပ်စစ်ဓာတ်အား ထုတ်လုပ်သော စီမံကိန်းသုံးခုနဲ့ သဘာဝဓာတ်ငွေ့သုံး Combined Cycle Power Project တစ်ခုတို့ကို အချိန်ကာလ အတိုင်းအတာတစ်ခု (Medium Term) အနေနဲ့ အသုံးပြုသွားဖို့ Notice to Proceed လက်မှတ်ရေးထိုးပြီး စီမံကိန်းတွေ စတင်ဖို့ စီစဉ်လျက်ရှိပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။
တစ်ချိန်တည်းတွင်ပင် ပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံး ဖြစ်စေသော ရေအားလျှပ်စစ်စီမံကိန်းများကို အဆင့်လိုက်သုံးသပ် အကောင်အထည်ဖော်လျက်ရှိရာ စီမံကိန်းအချို့မှာ တည်ဆောက်လျက်ရှိပြီး အချို့မှာ စီမံကိန်းဖြစ်မြောက်နိုင်မှုအတွက် လေ့လာသုံးသပ်လျက်ရှိရာ စီမံကိန်းများ၏ လျှပ်စစ်ဓာတ်အား စက်တပ်ဆင်မှု စွမ်းရည်စုစုပေါင်း ၁၃၅၅ မဂ္ဂါဝပ် ရှိကြောင်း သိရသည်။
ထို့ပြင် နေစွမ်းအင်၊ လေစွမ်းအင်နှင့် အခြားပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးကိုလည်း သုံးသပ်ဆောင်ရွက်လျက်ရှိရာ မဂ္ဂါဝပ် ၄၀ ရှိနေ စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းတစ်ခုကို မင်းဘူးမြို့နယ်တွင် တည်ဆောက်လျက်ရှိပြီး မကြာမီနိုင်ငံ၏ မဟာဓာတ်အားလိုင်း စနစ်သို့ ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
၂၀၁၉ ခုနှစ် နိုဝင်ဘာတွင် တစ်နိုင်ငံလုံး အိမ်ထောင်စုအားလုံး၏ ရာခိုင်နှုန်း ၅၀ ကျော်ခန့်အား ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရရှိတော့မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က မတ် ၁၆ ရက်က မြင်းခြံမြို့နယ်မြင်းခြံ သံမဏိစက်ရုံအနီးရှိ ၂၂၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံဖွင့်ပွဲအခမ်းအနားတွင် အထက်ပါအတိုင်း ပြောကြားသည်။
“မြန်မာနိုင်ငံမှာ အိမ်ထောင်စုပေါင်း ၁၀ ဒသမ ၈၇၇ သန်းရှိပါတယ်။ ၂၀၁၈ခု နှစ် နိုဝင်ဘာအထိ အိမ်ထောင်စုပေါင်း ၄ ဒသမ ၇၀၉ သန်း (၄၃ ရာခိုင်နှုန်း)ခန့် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိခဲ့ပြီးဖြစ်ရာ ၆ ဒသမ ၁၆၈ သန်း (၅၇ ရာခိုင်နှုန်း)ခန့်အား ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိရန် ကျန်ရှိနေပါတယ်။ ၎င်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပြည်ပချေးငွေရယူ ခြင်းအပါအဝင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်း ဒေသကြီး/ပြည်နယ်အစိုးရ ဘဏ္ဍာရန်ပုံငွေများသုံးစွဲပြီး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာမှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် တစ်နိုင်ငံလုံးအိမ် ထောင်စုအားလုံး ၏ ၅၀ ရာခိုင်နှုန်းကျော်ခန့်ကို ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိ တော့မှာဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်က ပြောကြားသည်။
မြန်မာနိုင်ငံတွင် လက်ရှိဓာတ်အားစနစ်တွင် အမြင့်ဆုံးဓာတ်အားသုံးစွဲမှုမှာ ၃၄၈၃ မဂ္ဂါဝပ်ရှိပြီး ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၂၈ ရုံမှ မဂ္ဂါဝပ် ၂၄၀၀ နှင့် သဘာဝဓာတ်ငွေ့အပါအဝင် အပူစွမ်းအင်သုံး စက်ရုံ ၁၆ ရုံမှ ၁၀၈၃မဂ္ဂါဝပ်ခန့် ထုတ်လုပ်ပေးလျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
