ဘူးသီးတောင်မြို့ပေါ်သို့ နေရပ်စွန့်ခွာသူများ ထပ်မံရောက်ရှိလာပြီး မြို့ပေါ်ကယ်ဆယ်ရေးစခန်းနှစ်ခုတွင် စစ်ဘေး ၅၀၀ ကျော်အထိ တိုးလာကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူများထံမှ သိရသည်။
ဘူးသီးတောင်မြို့ ရန်အောင်မြေ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားသည့် ဒုက္ခသည်စခန်းတွင် အိမ်ထောင်စု ၈၂ စု လူ ဦးရေ ၂၅၆ ဦး ရောက်ရှိနေပြီး နွားရုံတောင်ကျေးရွာ၊ စည်တောင်ကျေးရွာ၊ စပါးထားကျေးရွာ၊ သျှစ်သျှားတောင် ကျေးရွာနှင့် စံဂိုးထောင်ရွာများမှ ဒေသခံများ မတ် ၂၂ ရက်က စတင်ကာ ထွက်ပြေးရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ဘူးသီးတောင်မြို့အမှတ် (၅) ရပ်ကွက် ရွှေကျင်ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားသည့် ဒုက္ခသည်စခန်းတွင် အိမ်ထောင်စု ၇၇ စု၊ လူဦးရေ ၂၄၄ ဦးသည် မတ် ၂၃ ရက်တွင် စတင်ရောက်ရှိနေကြောင်း သိရသည်။
ထိုသို့ ရောက်ရှိလာသူများမှာ နွားရုံတောင်ကျေးရွာ၊ ဥယျာဉ်သာ ကျေးရွာ၊ ကံပြင်ကျေးရွာ၊ စည်တောင်ကျေးရွာနှင့် စံဂိုးထောင် ကျေးရွာတို့မှ ဒေသခံများဖြစ်ကြောင်း သိရသည်။
“အခု မြို့ပေါ်ကို အုပ်စုလိုက် ရောက်လာနေတဲ့ နေရပ်စွန့်ခွာသူတွေကို မြို့ပေါ်ဘုန်းကြီးကျောင်းနှစ်ကျောင်းမှာ နေရာချထားပေးတယ်။ စားနပ်ရိက္ခာကိုလည်း ၀ိုင်းဝန်းပံ့ပိုးပေးထားတယ်။ မြို့ပေါ်ကို ရောက်လာတဲ့သူတွေကဆိုရင် ဘူးသီးတောင်မြို့နယ်ထဲက ရွာခုနစ်ရွာက လူဦးရေ ၅၀၀ ကျော် လောက်ဖြစ်ပါတယ်။ မတ် ၂၁ ရက် ညက စည်တောင်ရွာမှာ ပစ်ခတ်မှုဖြစ်တော့ ရွာသား ငါးယောက် သေတယ်။ ဒဏ်ရာရသူ ၁၀ ယောက်လောက်ရှိတယ်။ တခြားစေတီတောင်၊ ဆင်ခုံတိုင် စတဲ့ရွာတွေမှာလည်း လူဦးရေထောင်နဲ့ချီပြီး ရောက်နေတာရှိပါတယ်။ အရေးပေါ်လိုတာက စားနပ်ရိက္ခာပါ” ဟု ဘူးသီးတောင်မြို့ပေါ်မှ စစ်ဘေးဒုက္ခသည်များကို ကူညီနေသူတစ်ဦးက ပြောကြားသည်။
ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး ကျေးရွာသားများ ကျည်ထိမှန်သေဆုံးမှုများ ရှိနေသဖြင့် ကျေးရွာ ၁၃ ရွာမှ ဒေသခံသုံး ထောင်ကျော်ထွက်ပြေးနေရကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
