ထိုင်းနိုင်ငံအတွင်း လာမည့်ဧပြီ ၁ ရက် မှစ၍ လုပ်အားခ တစ်နေ့ဘတ် ၃၆၀ ထိ တိုးမြှင့်မည့်အစီအစဉ်တွင် မြန်မာလုပ်သား လေးသိန်းကျော်ရှိသည့် တာ့ခ်ခရိုင်ချန်လှပ်ခံရကြောင်း သိရသည်။
ဧပြီ ၁ ရက်မှစတင်၍ ထိုင်းနိုင်ငံအတွင်း လုပ်ကိုင်နေကြသည့် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားအတွက် အနိမ့်ဆုံးလုပ်အားခ တိုးမြှင့်သွားမည်ဖြစ်ကြောင်း လုပ်အားခတိုးမြှင့်ရေးဆိုင်ရာကော်မတီမှ (၁၉-၂- ၂၀၁၉)သတင်းထုတ်ပြန်ချက်အရ သိရသည်။
“ဘတ် ၃၃၀ အမြင့်ဆုံးရနေတဲ့ ခရိုင် ၂၈ ခရိုင်မှာ တစ်နေ့ဘတ် ၃၆၀ ထိ တိုးမြှင့်သွားမှာဖြစ်ပါတယ်။ မဲဆောက်အပါအဝင် တာ့ခ်ခရိုင်မြို့နယ်မှာ လုပ်သားလေးသိန်းခန့် အလုပ်လုပ်နေပေမဲ့ အလုပ်ရှင်တွေ တစ်စုံတစ်ရာ ဆွေးနွေးတာမရှိသေးတဲ့အတွက် ချန်လှပ်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာလုပ်သား လေးသိန်းကျော် လုပ်အားနဲ့ ပေးဆပ်နေရတဲ့ ဘဝတွေကို ငဲ့ညှာသောအားဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရေးသဘောအရ မြန်မာအစိုးရကနေ ထိုင်းအစိုးရကို ပန်ကြားပေးဖို့ လိုပါတယ်။ မဲဆောက်၊ ရနောင်း၊ ဘုရားသုံးဆူစတဲ့ နယ်စပ်မြို့တွေမှာ မြန်မာလုပ်သားတွေ တစ်နေ့လုပ် အားခဘတ်၂၀၀ အောက်ပဲ ရရှိကြပါတယ်” ဟု မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။
လုပ်အားခတိုးမြှင့်ပေးရေးအစီအစဉ်တွင် ပါဝင်သည့် ခရိုင် ၂၈ ခု အနက် (က) လက်ရှိလုပ်အားခမှ သုံးဘတ်မှ ၁၀ ဘတ်အထိ တိုးမြှင့်ပေးမည့် ခရိုင်သုံးခုမှာ ဘန်ကောက်ခရိုင်၊ စမူပရကန်ခရိုင်နှင့် ဖူးခက်ခရိုင်တို့ဖြစ်ပြီး (ခ) ခုနစ်ဘတ်အထိ ထပ်မံတိုးမြှင့်ပေးမည့် ခရိုင်မှာ စင်ဘူရီခရိုင်ဖြစ်ကြောင်းနှင့် (ဂ) လေးဘတ်အထိ တိုးမြှင့်ပေးမည့်ခရိုင်မှာ နလာထီးဝါးခရိုင်၊ ချိုင်ရဖူခရိုင် (ဃ) ငါးဘတ်အထိ ထပ်မံတိုးမြှင့်ပေးမည့်ခရိုင်မှာ ချင်းမိုင်ခရိုင်၊ အယုဒ္ဓယခရိုင်၊ လရွန်ခရိုင်၊ နခွန်လှချစီမာခရိုင်တို့ဖြစ်ပြီး (င) သုံးဘတ်အထိ တိုးမြှင့်ပေးမည့်ခရိုင်မှာ လှချဘူရီခရိုင်၊ စူရတ်ဌာနီ ခရိုင်၊ ဖစ်ချ်ဘူရီခရိုင်တို့ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
