ဘိုင်ယန်မြူးနစ်အသင်းအတွက် တစ်နှစ်အတွင်း ခြောက်ခုမြောက်ဆုဖလားရယူပေးရန် စိတ်အားထက်သန်နေကြောင်း အသင်း၏အဓိကတိုက်စစ်မှူးဖြစ်သူ လီဝန်ဒေါစကီးက အာဖရိကချန်ပီယံ အယ်လ်အာလီ အသင်းကို (၂-၀)ဂိုးဖြင့် အနိုင်ရသည့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။
လီဝန်ဒေါစကီးသည် ယင်းပွဲတွင် အသင်းအတွက် အနိုင်ဂိုးနှစ်ဂိုးစလုံး သွင်းယူပေးခဲ့ပြီး ယခုရာသီ ကလပ်အသင်း၏ပြိုင်ပွဲစုံ ၂၇ ပွဲတွင် ၂၉ ဂိုးအထိ သွင်းယူထားကြောင်း သိရသည်။ "ဆီမီးဖိုင်နယ်ပွဲက အရမ်းကောင်း တဲ့ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ကတော့ ဗိုလ်လုပွဲအတွက် အသင့်ရှိနေပါပြီ။ ဒီရာသီမှာ ခြောက်ခုမြောက်ဆုဖလားအဖြစ် နောက်ထပ်ဆုဖလားတစ်လုံးကို ကျွန်တော်တို့ ရယူလိုပါတယ်။ ဒါက ကမ္ဘာ့ဖလားပြိုင်ပွဲပါ။ အမြဲတမ်း အထင်ကရပြိုင်ပွဲလည်းဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာ ကျွန်တော်တို့ ပိုကောင်းအောင်ကစားနိုင်ဖို့ မျှော်လင့်ပါတယ်။ ပြီး တော့ ဂိုးသွင်းခွင့်တွေလည်း ပိုမိုရရှိနိုင်ရေး ကြိုးပမ်းပါလိမ့်မယ်"ဟု လီဝန်ဒေါစကီးက ပြောကြားခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်း အနေဖြင့် ဖီဖာကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုကို အရယူနိုင်လျှင် ၂၀၀၉ ခုနှစ်က ဘာစီလိုနာအသင်း တင်ရှိခဲ့သည့် တစ်နှစ်အတွင်း ဆုဖလားခြောက်လုံးအထိ ရယူနိုင်သည့်စံချိန်ကို အမီလိုက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ဘိုင်ယန်အနေဖြင့် လက်ရှိတွင် ချန်ပီယံလိဂ်၊ ဘွန်ဒစ်လီဂါ၊ ဂျာမန်ဖလား၊ ဂျာမန်စူပါဖလား နှင့် ဥရောပစူပါဖလားများကို ရယူထားပြီး ကလပ်ကမ္ဘာ့ဖလားတွင်မူ ၂၀၁၃ ခုနှစ်က တစ်ကြိမ် ဗိုလ်စွဲထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
