ဒီလိုအပြောင်းအရွှေ့တွေနဲ့အတူ လာ မယ့်နွေရာသီမှာ အလှုပ်ခတ်ဆုံးဖြစ်လာနိုင်တဲ့ ကစားသမားတစ်ဦးက ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်းဖြစ်နေတယ်။ တချို့အသင်းတွေက သူတို့အသင်းရဲ့ ကမ္ဘာကျော်တိုက်စစ်မှူးတွေ ကို ဆုံးရှုံးရမှာမို့၊ တချို့အသင်းတွေကတော့ သူ တို့အသင်းရဲ့အားနည်းနေတဲ့ တိုက်စစ်ကိုအား ဖြည့်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ တိုက်စစ်မှူး သစ်ရှာကြမယ့်အထဲမှာ ဟော်လန်းက နာမည် အထွက်ဆုံးကစားသမားဖြစ်နေတယ်။ သက် တူရွယ်တူချင်းအတူတူဆိုရင်တောင် ဘာပေလို ကစားသမားမျိုးက အသင်းတိုင်း မျှော်လင့်နိုင် တဲ့ ကစားသမားမျိုးမဟုတ်ဘဲ လစ်မစ်ရှိပါ တယ်။ ဟော်လန်းကတော့ ကမ္ဘာ့ထိပ်တန်းအ သင်းတော်တော်များများ တတ်နိုင်တဲ့ စျေးတန်း မှာ ရှိနေတဲ့အတွက် သူ့ကို ဝိုင်းလုမယ့် တိုက်ပွဲ က ပိုပြင်းထန်လိမ့်မယ်လို့လည်း ယူဆရတယ်။ ဟော်လန်းကို လိုချင်နေတဲ့အသင်းတွေထဲမှာ ပရီးမီးယားလိဂ်အသင်းကြီးတွေလည်း ပါဝင် နေကြတယ်။ ဟော်လန်းရဲ့အဖေ အယ်လ်ဖီ ဟော်လန်းက ပရီးမီးယားလိဂ်ခေတ်ဦးမှာ ထင် ရှားခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး သားဖြစ်သူ ကို ပရီးမီးယားလိဂ်မှာ ကစားစေချင်တယ်ဆို တဲ့သတင်းတွေလည်း ရှိနေတယ်။ အထူးသဖြင့် အယ်လ်ဖီဟော်လန်းက မန်စီးတီးကစားသမား ဟောင်းတစ်ဦးဖြစ်နေတဲ့အတွက် မန်စီးတီးဟာ အခွင့်အရေးရှိလာနိုင်တယ်ဆိုတဲ့ သုံးသပ်မှု တွေလည်း မြင်နေရပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
