စပါးအသင်း၏ နည်းပြဖြစ်သူ မော်ရင်ဟိုက အသင်း၏ တိုက်စစ်မှူး ဟာရီကိန်းသည် လက်ရှိအချိန်တွင် ကမ္ဘာ့အကောင်းဆုံးစာရင်းဝင်တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး၊ စပါးအသင်းသည် ၎င်းအပေါ် မှီခိုနေရသည်ဟုလည်း ဝန်ခံပြောကြားသွားခဲ့သည်။
စပါးအသင်းသည် ဟာရီကိန်း ဒဏ်ရာက ပထမဆုံးပြန်လာသည့်ပွဲတွင် ဝက်စ်ဘရွန်းအသင်းကို (၂-ဝ) ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ယင်းပွဲတွင် ဟာရီကိန်းက စပါးအသင်းအတွက် ဦးဆောင်ဂိုးကိုလည်း သွင်းယူခဲ့သည်။
ယင်းအတွက်ကြောင့် မော်ရင်ဟိုက "သူက စပါးအသင်းရဲ့သမိုင်းမှာ အထူးကစားသမားတစ်ဦးဖြစ်သလို၊ အသင်းမှာရှိသမျှ စံချိန်အားလုံးကိုလည်း ရိုက်ချိုးမယ့်သူပါ။ သူက လက်ရှိကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံးစာရင်းဝင် တိုက်စစ်မှူးတစ်ဦးလည်း ဖြစ်တယ်။ ဒီစကားကို ဘယ်သူမှ ငြင်းနိုင်မှာမဟုတ်ဘူး။ စပါးအသင်းဟာ သူ့အပေါ်မှာ အများကြီး မှီခိုထားရပါတယ်။ ဒါကို ကျွန်တော် မလိမ်ချင်ပါဘူး။ သူက ဂိုးတွေသွင်းနိုင်တယ်။ ဂိုးဖန်တီးမှုတွေ ပြုလုပ်နိုင်တယ်။ တိုက်စစ်ပိုင်းမှာ ချိတ်ဆက်ကစားပေးနိုင်တယ်။ သူက ထိပ်တန်းအဆင့် ကစားသမားတွေရဲ့ ကိုယ်ရည်ကိုယ်သွေးမျိုးရှိပြီး အသင်းအပေါ် လွွှမ်းမိုးနို်င်စွမ်း ကြီးမားသူလည်းဖြစ်ပါတယ်။ အသင်း က (၃)ပွဲဆက်ရှုံးပြီး ခက်ခဲနေတဲ့အချိန်မှာ ဘယ်ကစားသမားနာမည်ကိုမှ တပ်ပြီး မချီးကျူးဘူးလို့ ကျွန်တော် ဆုံးဖြတ်ထားပေမဲ့ ဟာရီကိန်းကို မချီးကျူးဖို့ဆိုတာကတော့ တော်တော်လေး ခက်ခဲပါတယ်"ဟု ဆိုခဲ့သည်။
အသက် (၂၇)နှစ်အရွယ်ရှိ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းသည် ယခုရာသီတွင် စပါးအသင်းအတွက် ပြိုင်ပွဲစုံ ပွဲ (၃၀)တွင် ဂိုး (၂၀)အထိ သွင်းယူပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
