ရီးယဲလ်မက်ဒရစ်အသင်းမှ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းခေါင်းဆောင်ဖြစ်သူ ဟာဇက်က ၎င်းအနေဖြင့် နောက်ထပ် (၆)နှစ်ခန့် ဘောလုံးဆက်လက် ကစားရန် မျှော်လင့်နေလျက်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
အသက် (၃၀) နှစ်အရွယ်သာရှိသေးသူ ဟာဇက်မှာ ၂၀၁၉ ခုနှစ်တွင် ချယ်လ်ဆီးအသင်းမှ ပြောင်းရွှေ့လာပြီးကတည်းက ရီးယဲလ် အသင်း၌ ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရလျက်ရှိသည်။
၎င်းအနေဖြင့် ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံ (၃၅)ပွဲသာ ကစားထားရပြီး ယခုရာသီတွင်လည်း (၁၃) ပွဲသာ ကစားနိုင်သေးကြောင်း သိရသည်။
"ကျွန်တော့်အနေနဲ့ အသက် (၃၀) အရွယ်သာ ရှိနေသေးတာမို့လို့ ခန္ဓာကိုယ်က ဘောလုံးကြာကြာ ဆက်ကစားနိုင်ဦးမယ်လို့ ထင်ပါတယ်။ အနည်းဆုံး (၅)နှစ် ဒါမှမဟုတ် (၆)နှစ်လောက် ဘောလုံးကစား နိုင်ဦးမယ်လို့ မျှော်လင့်ပါတယ်"ဟု ဟာဇက်က On The Front Foot သို့ ပြောကြားခဲ့သည်။
ဟာဇက်သည် လက်ရှိတွင် ကြွက်သားဒဏ်ရာကြောင့် အနားယူနေရပြီး ရက်သတ္တပတ်အနည်းငယ်ကြာ ပွဲကစားနိုင်မည်မဟုတ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
