လာမည့်ရာသီတွင် MFF ဖူဆယ်လိဂ်- ၁ ပြိုင်ပွဲသို့ တန်းတက်ကစားခွင့်ရထားသည့် YRG အသင်းသည် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းခေါင်းဆောင် မျိုးမြင့်စိုးကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။
မျိုးမြင့်စိုးသည် ကာလရှည်ကစားခဲ့သည့် VUC အသင်းနှင့် လမ်းခွဲအပြီး ရက်ပိုင်းအကြာမှာပင် YRG အသင်းနှင့် စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ မျိုးမြင့်စိုးသည် လေးသင်းမြောက် ဖူဆယ်ကလပ်အဖြစ် YRG အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ YTG အသင်း၊ PU အသင်း နှင့် VUC အသင်းတို့တွင် ကစားခဲ့ပြီး PU အသင်း၊ VUC အသင်းတို့နှင့် အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သည်။
မျိုးမြင့်စိုးသည် ၂၀၁၅ ခုနှစ်တွင် မြန်မာ့လက်ရွေးစင်အသင်း ပဏာမလူစာရင်းတွင် စတင်ရွေးချယ်ခံရပြီး ၂၀၁၇ ခုနှစ်မှစတင်ကာ အဓိက ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရခဲ့ကာ နောက်ပိုင်းတွင် အသင်းခေါင်းဆောင်အဖြစ်ပါ တာဝန်ပေးခံခဲ့ရသည်။
YRG အသင်းသည် လာမည့်ရာသီတွင် MFF ဖူဆယ်လိဂ်-၁ ပြိုင်ပွဲတွင် ခြေစွမ်း အဆင့်မီစွာ ယှဉ်ပြိုင်နိုင်ရန်နှင့် အောင်မြင်မှု ရယူနိုင်ရန်အတွက် လက်ရွေးစင်အဆင့် ကစားသမားတစ်ဦး စတင်အားဖြည့်ခဲ့ခြင်း ဖြစ်သည်။ မျိုးမြင့်စိုးသည် အသက် ၃၃ နှစ် ရှိပြီဖြစ်ပြီး ကစားသမားဘဝတစ်လျှောက် လိဂ်ချန်ပီယံဆုနှင့် MFF ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ ချန်ပီယံဆုများ ရယူနိုင်ခဲ့သည်။
VUC အသင်းသည် လိဂ်ပြိုင်ပွဲမစတင်မီ အမာခံကစားသမားများ ဆက်တိုက်ထွက်ခွာလျက်ရှိပြီး ငြိမ်းမင်းစိုးနှင့် အောင်ဇင်ဦး ပြီးနောက် မျိုးမြင့်စိုးပါ ထပ်မံထွက်ခွာခဲ့ခြင်းဖြစ်သည်။ VUC အသင်းသည် MFF ဖူဆယ်လိဂ် -၁ ပြိုင်ပွဲတွင် နှစ်ရာသီဆက်တိုက် ချန်ပီယံ ဆုရယူထားသော်လည်း ရာသီသစ်မစတင်မီ အမာခံကစားသမားများ ဆက်တိုက်ထွက်ခွာနေသဖြင့် ရာသီသစ်မစတင်မီ ကစားသမားသစ်များ အင်အားဖြည့်တင်းနိုင်ခြင်းမရှိပါက ချန်ပီယံဆုကာကွယ်နိုင်ရန် ရုန်းကန်ရဖွယ် ရှိနေသည်။
ယခုရာသီ၏ ပထမဆုံးပြိုင်ပွဲဖြစ်သည့် MFF ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် နာမည်ကြီး MIU အသင်း တစ်ကျော့ပြန်ဗိုလ်စွဲကာ VUC အသင်းမှာမူ တတိယနေရာဖြင့် ကျေနပ်ခဲ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
