ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်း က သူ၏အသင်းဖော်ဖြစ်သည့် မူဆီယာလာ မှာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက် ဖြစ်လာနိုင်ကြောင်း သုံးသပ်ခဲ့သည်။ ဟာရီကိန်းက ဘိုင်ယန်အသင်း၌ မူဆီယာလာ ဆက်နေသွားရန်လည်း မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
မူဆီယာလာ(၂၁ နှစ်)သည် ပြီးခဲ့သည့်နှစ်များအတွင်း ထိပ်တန်းအဆင့်ခြေစွမ်းသို့ ရောက်ရှိလာပြီး အနာဂတ် တောက်ပလျက်ရှိသည်။ ၎င်း၏လက်ရှိစာချုပ် မှာ ၂၀၂၆ နွေရာသီတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ဥရောပထိပ်တန်းကလပ်များကလည်း သူ့အားခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သတင်းများက ဖော်ပြခဲ့သည်။
"အသင်းမှာ မူဆီယာလာ ဆက်နေခဲ့မယ်ဆိုရင် ကျွန်တော် ကြိုက်ပါတယ်။ သူဟာ မယုံနိုင်စရာကောင်းတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ဦးဖြစ်လာနိုင်မယ့် အရည်အသွေးအားလုံး ရှိပါတယ်။ သူဟာ ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ဦးဖြစ်လာဖို့ အနီးစပ်ဆုံးအနေအထားကို ရောက်ရှိပြီးသားပါ" ဟု ဟာရီကိန်းက ပြောကြားခဲ့သည်။
ထို့ပြင် မူဆီယာလာအပေါ် ဟာရီကိန်းက "ပြိုင်ဘက်အသင်းတွေက ကျွန်တော်တို့ကို ဖိထားချိန်မှာ သူက ဒီအခြေအနေကနေ ရုန်းထွက်နိုင်တဲ့ ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ယောက်ပါ။ ကျွန်တော်တို့ သူ့ကို Box ထဲ ပိုဝင်ပြီး ဂိုးပိုသွင်းနိုင်အောင် ကြိုးစားနေကြပါတယ်။ သူ အဲဒီလုပ်နိုင်ရင် ပွဲကို ပိုလွှမ်းမိုးထားနိုင်လိမ့်မယ်။ သူ့အနေနဲ့ ကောင်းစွာလုပ်ဆောင်ခဲ့ပြီးရင်တောင်မှပေါ့။ သူ့အရည်အသွေးအရ ဘယ်သူ့ကိုမှ ဖုံးကွယ်စရာမလိုပါဘူး"ဟု မှတ်ချက်ပြုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
