လီဗာပူးလ်အသင်းမှ စာချုပ်သစ်ကိစ္စ နှောင့်နှေးနေခြင်းအပေါ် မီဒီယာများသို့ ပြောကြားခဲ့သည့် တိုက်စစ်ကစားသမား ဆာလာအား အသင်းနောက်ခံလူဟောင်းနှင့် ရုပ်သံဝေဖန်သူ ကာရေဂါက ပြစ်တင်ဝေဖန်ခဲ့သည်။
ဆာလာသည် စာချုပ်သက်တမ်းတိုးရန်ကိစ္စတွင် လီဗာပူးလ်အသင်း၏ နှောင့်နှေးမှုများအတွက် စိတ်ပျက်လျက်ရှိနေပြီး အသင်းတွင် ဆက်နေရန်ထက် အသင်းမှ ထွက်ခွာဖွယ်ရှိနေသည်ဟု သတင်းများက ဖော်ပြလျက်ရှိသည်။ အသက် ၃၂ နှစ်အရွယ်ရှိပြီ ဖြစ်သည့် ဆာလာသည် လီဗာပူးလ်အသင်း၏ အဓိကကစားသမားတစ်ဦးအဖြစ် ရပ်တည်နေဆဲဖြစ်ပြီး ယခုရာသီတွင်လည်း ပြိုင်ပွဲစုံတွင် သွင်းဂိုး ၁၂ ဂိုးဖြင့် အသင်း၏ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်လျက်ရှိသည်။
စာချုပ်သက်တမ်းမှာ ယခုရာသီကုန်တွင် ကုန်ဆုံးတော့မည် ဖြစ်သည့်တိုင်အောင် လီဗာပူးလ်အသင်းသည် ယခုအချိန်အထိ စာချုပ်သစ်ချုပ်ဆိုနိုင်ရန် လုံလောက်သည့် အခြေအနေကို မပြသနိုင်သေးခြင်းအပေါ် ဆာလာက စိတ်ပျက်နေခြင်းဖြစ်ကြောင်း သိရသည်။
ဆာလာသည် ဆောက်သမ်တန် အသင်းကို အနိုင်ရရှိခဲ့သည့်ပွဲတွင် လီဗာပူးလ်အသင်းအတွက် သွင်းဂိုး နှစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး ယခုရာသီ၌ လီဗာပူးလ်အသင်း၏ ရှစ်မှတ်ဖြတ်ဦးဆောင်မှု၌ အဓိကကစားသမားအဖြစ် ခြေစွမ်းပြလျက်ရှိသည်။ သူသည် လီဗာပူးလ် အသင်းထံသို့ ၂၀၁၇ ခုနှစ်က စတင်ရောက်ရှိလာခဲ့ပြီးနောက် အသင်းအတွက် အဓိကကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနိုင်ခဲ့သလို အောင် မြင်မှုများလည်း ရယူနိုင်ခဲ့သည်။
ဆာလာက "အခုဆိုရင် ဒီဇင်ဘာလကိုတောင်ရောက်ဖို့ တော်တော်လေးနီးစပ်လာပါပြီ။ ကျွန်တော် အခုအချိန်အထိ လီဗာပူးလ်အသင်းဆီက ခိုင်မာတဲ့ကမ်းလှမ်းမှုကို မရရှိသေးပါဘူး။ ဒါကြောင့် အသင်းမှာ ဆက်ရှိနေဖို့ထက် ထွက်သွားရဖို့ များနေပြီလို့ ထင်ပါတယ်" ဟု ပြောကြားခဲ့ပြီး သတင်းထောက်များက ယင်းအတွက် စိတ်ပျက်မိသလားဆိုသည့် မေးခွန်းကိုလည်း စိတ်ပျက်မိကြောင်းနှင့် "ကျွန်တော်က အနားယူဖို့ မစဉ်းစားသေးပါဘူး။ ဒါကြောင့် ဘောလုံးကို ဆက်ကစားနေဦးမှာပါ။ ဒီရာသီ အတွက် အပြည့်အဝအာရုံစိုက်ထားပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကိုရော၊ ဖြစ်နိုင်မယ်ဆိုရင် ချန်ပီယံလိဂ်ဖလားကိုပါ ရယူချင်ပါတယ်" ဟု ပြောကြားခဲ့သည်။
ဆာလာ၏ယင်းသို့ဖွင့်ချခဲ့မှုအပေါ် ကာရေဂါက "မိုဆာလာ ကို ကျွန်တော် အရမ်းစိတ်ပျက်မိတယ်လို့ပဲ ပြောပါရစေ။ အခု ရက်သတ္တပတ်အလယ်မှာ လီဗာပူးလ်က ရီးယဲလ်မက်ဒရစ်နဲ့ ရှိတယ်။ ပြီးရင် ရက်သတ္တပတ်ကုန်မှာ မန်စီးတီးနဲ့ ကစားရမယ်။ သူက သတင်းစကားမပါးရင်လည်း သူ့အေးဂျင့်က တွေးရခက်တဲ့စကားတွေ ထပြောတတ်တယ်။ ဒါဟာ တစ်ကိုယ်ကောင်းဆန်တာပါပဲ။ ဒီဟာက သူတို့အကြောင်းကိုပဲ တွေးတာပါ"ဟု ဝေဖန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
