လက်စတာအသင်းပရိသတ်များသည် အသင်းနည်းပြ စတိဗ်ကူးပါး ရာထူးမှ ထုတ်ပယ်ခံရချိန်တွင် ခရစ္စမတ်ပါတီအတွက် ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့သို့ သွားရောက်ခဲ့သည့် အသင်းကစားသမားများ၏ လုပ်ရပ်အပေါ် စိတ်ဆိုးဒေါသထွက်နေကြကြောင်း သိရှိရသည်။
လက်စတာအသင်းကစားသမားများသည် ချယ်လ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့သည့် ပွဲအပြီးတွင် ပါတီပွဲပြုလုပ်ရန်အတွက် ကိုပင်ဟေဂင်သို့ ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး
ယင်းနောက် (၂၄)နာရီ အကြာတွင် ရလဒ်ဆိုးများအတွက် အသင်းနည်းပြ စတိဗ်ကူးပါးသည် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။
အမှန်အားဖြင့် လက်စတာအသင်းသည် ယင်းခရီးစဉ်ကို အစောပိုင်းကတည်းက ကြိုတင်စီစဉ်ထားခြင်းဖြစ် ပြီး ယခင်ကလည်း ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဝတ်စုံဒီဇိုင်းဆန်းများ ဝတ်ဆင်ကာ ခရစ္စမတ်အကြိုပါ တီပွဲကို ပုံမှန်ကျင်းပလေ့ရှိသည်။
သို့ရာတွင် အသင်း၏ ဒုဥက္ကဋ္ဌဖြစ်သူ မတ်ဒေးဗစ်ကမူ အသင်းပရိသတ်များ၏အားပေးမှုနှင့် ဝေဖန်မှုများကို နားလည်လက်ခံကြောင်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
