Top News

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ ဥရောပခရီးစဉ်ပထမဆုံးပြိုင်ပွဲအဖြစ် မတ် ၇ ရက်မှ ၁၂ ရက်အထိကျင်းပမည့် Yonex German Open 2023 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်
24htopnews | November 27, 2024 5:12 PM CST

 

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ဥရောပခရီးစဉ် ပထမဆုံးပြိုင်ပွဲအဖြစ် မတ် ၇ ရက်မှ ၁၂ ရက်အထိ ဂျာမနီနိုင်ငံ၌ကျင်းပမည့် Yonex German Open 2023 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

သက်ထားသူဇာသည် မတ်လအတွင်းဥရောပနိုင်ငံများ၌ကျင်းပမည့် BWF ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီလဆန်းပိုင်းကတည်းက ၎င်း၏ Instagram မှတစ်ဆင့် အသိပေးထားပြီး ပထမဆုံးပြိုင်ပွဲအဖြစ် ဂျာမန်အိုးပင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) သည် မတ်လအတွင်း စီနီယာကစားသမားများအတွက် ပြိုင်ပွဲ ၁၀ ခု ကျင်းပမည်ဖြစ်ပြီး ဥရောပနိုင်ငံများ၌ကျင်းပမည့် ပြိုင်ပွဲခြောက်ခုအထိ ပါဝင်လျက်ရှိသည်။ 

ကမ္ဘာ့ကြက် တောင်အဖွဲ့ချုပ်သည် ဖေဖော်ဝါရီလဝက် မတိုင်မီကျင်းပမည့် ပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသည့် အားကစားသမားများကိုသာ ထုတ်ပြန်ထားသေးပြီး သက်ထားသူဇာ သည် ပြိုင်ပွဲကာလတူကျင်းပမည့် ပြိုင်ပွဲနှစ်ခုအနက် ပေါ်တူဂီအင်တာနေရှင်နယ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် မယှဉ်ပြိုင်ဘဲ ဂျာမန်အိုးပင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ 

သက်ထားသူဇာသည် ဂျာမန်အိုးပင်း ပြိုင်ပွဲတွင် လက်ရည်စစ်ပွဲအဆင့်မှ စတင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အနိုင်ရမှသာ နောက်ဆုံးအဆင့် တက်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ သက်ထားသူဇာသည် လက်ရည်စစ်ပွဲတွင် လီယိုနိစ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး လက်ရည်စစ်ပွဲစဉ်များကို မတ် ၇ ရက်တွင် ကျင်းပမည်ဖြစ်သည်။ ဂျာမန်အိုးပင်းပြိုင်ပွဲမှာ BWF က ကျင်းပသည့် ပြိုင်ပွဲများအနက် Grade-2 အဆင့်ရှိ ပြိုင်ပွဲဖြစ်ပြီး HSBC BWF World Tour Super 300  ပြိုင်ပွဲဖြစ်သည်။

သက်ထားသူဇာသည် ၂၀၂၃ ခုနှစ် အတွင်း ပြိုင်ပွဲတစ်ခုသာ ယှဉ်ပြိုင်ရသေးပြီး ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၅ ရက်အထိ ကျင်းပသည့် ထိုင်းမာစတာပြိုင်ပွဲတွင် ယှဉ်ပြိုင်ရာ ပထမအဆင့်မှ ထွက်ခဲ့ရသည်။ သက်ထားသူဇာသည် ယင်းပြိုင်ပွဲတွင် တရုတ်နိုင်ငံ သူ ကျန်ယီမန်နှင့်တွေ့ဆုံခဲ့ပြီး (၂-၁) ပွဲဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာ သည် ဖေဖော်ဝါရီလအတွင်း BWF ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိဘဲ မတ်လမှသာ ပြန်လည်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ သက်ထားသူဇာသည် ဖေဖော်ဝါရီလဝက်နောက်ပိုင်း ကျင်းပမည့် Swiss Open  ပြိုင်ပွဲ၊ Polish Open ပြိုင်ပွဲ၊ မက်ဒရစ်မာစတာပြိုင်ပွဲများအနက် အနည်းဆုံးပြိုင်ပွဲနှစ်ခုတွင် ယှဉ်ပြိုင်ဖွယ်ရှိနေသည်။


READ NEXT
Cancel OK