ပရီးမီးယားလိဂ်တန်းဆင်းဇုန်အတွက် ရုန်းကန်နေရသည့် ဆောက်သမ်တန်အသင်းသည် ယာယီနည်းပြဖြစ်သူ ရူဘင်ဆဲလက်စ်ကို ရာသီကုန်အထိ ကာလတိုစာချုပ်ဖြင့် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။
အသက် ၃၉ နှစ်သာရှိသေးသူ စပိန်နည်းပြ ဆဲလက်စ်သည် ယခင်က ဗလင်စီယာ ယူ-၁၈ အသင်းကို ကိုင်တွယ်ဖူးပြီး ယခုရာသီ မစတင်မီ ဆောက်သမ်တန်အသင်းနည်းပြ ဟာဆန်ဟူတယ်လ်၏ လက်ထောက်နည်းပြအဖြစ် ပြောင်းလဲဆောင်ရွက်ခဲ့သည်။ ၎င်းသည် နိုဝင်ဘာတွင် ဟာဆန်ဟူတယ်လ် ရာထူးမှထုတ်ပယ်ခံရပြီး နောက် ယာယီအဖြစ် တစ်ပွဲကိုင်တွယ်ခဲ့ရပြီး လိဂ်ဖလားပြိုင်ပွဲ၌ ရှက်ဖီးဝင်းစ်ဒေးအသင်းနှင့် သရေကျခဲ့သည်။
ထို့နောက် ဆောက်သမ်တန်အသင်းသည် နာသန်ဂျုံးစ်ကို ခန့်အပ်ခဲ့သော်လည်း ရလဒ်ဆိုးများကြောင့် ဖေဖော်ဝါရီတွင် ပြန်လည်ထုတ်ပယ်ခဲ့သဖြင့် ဆဲလက်စ်က ယာယီနည်းပြအဖြစ် ထပ်မံကိုင်တွယ်ခွင့်ရခဲ့သည်။ ဆဲလက်စ်သည် ပထမဆုံးကိုင်တွယ်ခွင့်ရ သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ချယ်လ်ဆီးအသင်းအား အဝေးကွင်း ၌ (၀-၁) ဂိုးဖြင့် အနိုင်ရစေရန် စွမ်းဆောင်ပေးနိုင်သောကြောင့် ရာသီကုန်အထိ ဆက်လက်တာဝန်ယူရန် ခန့်အပ်ခံရခြင်းဖြစ်သည်။
သို့သော် ဆောက်သမ်တန်အသင်းသည် မနေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် လိဒ်စ်အသင်းအား အဝေးကွင်းတွင် ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ၂၄ ပွဲကစား၊ ငါးပွဲနိုင်၊ သုံးပွဲသရေ၊ ၁၆ ပွဲရှုံး၊ ရမှတ် ၁၈ မှတ်ဖြင့် ဇယားအောက်ဆုံးနေရာ၌ ရပ်တည်လျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
