မန်စီးတီးနည်းပြ ဂွါဒီယိုလာက အသင်း တိုက်စစ်မှူး ဟော်လန်းအား ကစားကွက်ပါ ဝင်ပတ်သက်မှုနည်းပါးခြင်းနှင့်ပတ်သက်ပြီး ဝေဖန်နေမှုမှာ ကစားသမားကို အပြစ်မတင်ဘဲ မိမိတို့အသင်းကို အပြစ်တင်သင့်ကြောင်း ပြောကြားခဲ့သည်။
ဒေါ့မွန်အသင်းမှ ပြောင်းရွှေ့ လာခဲ့သည့် နော်ဝေလက်ရွေးစင်တိုက်စစ်မှူး ဟော်လန်းသည် ယခုရာသီတွင် မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ၃၃ ပွဲတွင် ၃၃ ဂိုးအထိ သွင်းယူခဲ့သည်။ သို့သော် မန်စီးတီးအသင်းမှာ ပြီးခဲ့သည့်ရာသီကလို ခြေစွမ်းပြနိုင်ခြင်း မရှိသည့်အတွက် ဟော်လန်းမှာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
အထူးသဖြင့် ဟော်လန်းအနေဖြင့် အသင်းကစားကွက်တွင် ပါဝင်ပတ်သက်မှုနည်းပါးခြင်းကို ဝေဖန်ကြခြင်းဖြစ်ပြီး မန်စီးတီးမှာ ၎င်းကြောင့် အရင်ကထက် ပိုအားနည်းသွားကြောင်း သုံးသပ်ကြသည်။
သို့သော် ဂွါဒီယိုလာက "ဒါက ဟော်လန်းရဲ့ အမှားမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ အမှားသာဖြစ်ပါတယ်။ ဟော်လန်းက တစ်ရာသီလုံး ထင်ကြီးလောက်စရာကောင်းတဲ့ ခြေစွမ်းကို ပြသနေတာပါ။ ကျွန်တော်ကတော့ ပွဲစဉ်တစ်ပွဲအပြီးမှာ ဘယ်ကစားသမားက အသင်းရဲ့ကစားကွက်မှာ ဘယ်လောက်အထိ ပါဝင်ပတ်သက်တယ်ဆိုတာကို သတိတောင် မထားမိပါဘူး။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ ဒါက ဟော်လန်းရဲ့ အမှားမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ အမှားပါ။ သူ့ရဲ့ ရွေ့လျားမှုတွေ ဘယ်လောက်အထိ ကောင်းမွန်တယ်ဆိုတာကို ဘောလုံးပွဲကြည်သူတိုင်း မြင်မှာပါ"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
