ဘာစီလိုနာနည်းပြ ဇာဗီက မန်ယူအသင်းကို ရှုံးနိမ့်ပြီး ယူရိုပါလိဂ်ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည့်အတွက် အလွန်စိတ်ပျက်ရကြောင်း ဝန်ခံပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းသည် ပြီးခဲ့သည် ကြာသပတေးနေ့က ယှဉ်ပြိုင်ခဲ့သည့် ယူရိုပါလိဂ် knock-out ဒုတိယအကျော့ပွဲ၌ မန်ယူအသင်းကို ပထမပိုင်းတွင် လီဝန်ဒေါစကီး၏ ပယ်နယ်တီသွင်းဂိုးကြောင့် (၁-၀) ဂိုးဖြင့် အနိုင်ရနေခဲ့သော်လည်း ဒုတိယပိုင်းတွင် ချေပ ဂိုးနှင့် အနိုင်ဂိုးများ ပြန်ပေးရကာ ပွဲအပြီးတွင် (၁-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ဘာစီလိုနာအသင်းသည် ပထမအကျော့ပွဲစဉ်တွင် (၂-၂) ဂိုးဖြင့် သရေကျခဲ့သောကြောင့် နှစ်ကျော့ပေါင်း (၃-၄) ဂိုးဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်းဖြစ်သည်။
ယူရိုပါလိဂ်ပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်းနှင့် ပတ်သက်ပြီး ဘာစီလိုနာအသင်းနည်းပြ ဇာဗီက "ယူရိုပါလိဂ်ပြိုင်ပွဲက ထွက်ခဲ့ရတဲ့အတွက် အကြီးအကျယ်စိတ်ပျက်ရပါတယ်။ ဥရောပပွဲတွေမှာ လုံးဝအမှားမခံဘဲ သေးငယ်တဲ့ အသေးစိတ်အချက်တွေက အဆုံးအဖြတ် ဖြစ်နိုင်ပါတယ်။ မန်ယူအသင်းကို ကျွန်တော်တို့ မထိန်းချုပ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ပြိုင်ပွဲက ထွက်ခွာခဲ့ရတာပါ။ ကျွန်တော်တို့အသင်း အကောင်းဆုံး ကြိုးစားခဲ့ပေမဲ့ ရလဒ်ကတော့ မကောင်းခဲ့ပါဘူး"ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဇာဗီက မန်ယူနှင့်ပွဲအပြီးတွင် လက်ရှိတွင် မန်ယူ၌ကစားနေသည့် ရီးယဲလ် ကစားသမားဟောင်းများဖြစ်သည့် ကွင်းလယ်ကစားသမား ကက်စီမီရိုနှင့် နောက်ခံကစားသမား ဗာရန်းတို့အား တွေ့ဆုံကာ မိမိအနေဖြင့် ဂုဏ်ပြုခဲ့သည်ဟုလည်း ဝန်ခံပြော ကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
