အမေရိကန် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်း၏ နည်းပြဖြစ်သူ ဖီးလ်နဗီးလ်က မိမိတို့အသင်းအနေဖြင့် PSG အသင်းမှ ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီကို ခေါ်ယူလိုကြောင်း ပြောကြားခဲ့သည်။
အသက် ၃၅ နှစ်အရွယ်ရှိ ကမ္ဘာကျော် ဘောလုံးသမား မက်ဆီနှင့် PSG အသင်းတို့ ချုပ်ဆိုထားသည့် စာချုပ်မှာ ယခုရာသီကုန် တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ PSG အသင်းသည် မက်ဆီအား စာချုပ်သစ်ချုပ်ဆိုရန် ကြိုးပမ်းနေသော်လည်း လက်ရှိအချိန်ထိ အဆင်မပြေသေးကြောင်း သိရှိရသည်။ ထို့ကြောင့် မက်ဆီ၏အပြောင်းအရွှေ့သတင်းများမှာ လှုပ်ခတ်နေပြီး ၎င်းအနေဖြင့် အသင်းဟောင်း ဘာစီလိုနာအသင်းသို့ ပြန်ဖွယ်ရှိသည်ဟု သုံးသပ်မှုများရှိနေသလို၊ အခြားအသင်း တစ်သင်းသင်းသို့ ပြောင်းရွှေ့ဖွယ်ရှိသည်ဟု မီဒီယာများက ခန့်မှန်းဖော်ပြနေကြသည်။
လာမည့် ၂၀၂၃ နွေရာသီအပြောင်းအရွှေ့ကာလတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရရှိနိုင်သည့် မက်ဆီအား ခေါ်ယူရန် အသင်းဟောင်း ဘာစီလိုနာအပြင် စီရော်နယ်လ်ဒို သွားရောက်ကစားနေသည့် ဆော်ဒီလိဂ်နှင့် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းတို့က စိတ်ဝင်စားနေကြောင်း သိရသည်။ နာမည်ကျော် အင်္ဂလန်ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ် ပူးတွဲပိုင်ဆိုင်သည့် အင်တာမိုင်ယာမီအသင်းသည် မက်ဆီအား ခေါ်ယူရန် ကာလရှည်စိတ်ဝင်စားနေပြီး ယခုအခါ အသင်းနည်းပြ ဖီးလ်နဗီးလ်က မက်ဆီကို ခေါ်ယူလိုကြောင်း ထပ်ပြောခဲ့ခြင်းဖြစ်သည်။
ဖီးလ်နဗီးလ်က "မက်ဆီနဲ့ ဘူးစကွက်စ် ကျွန်တော်တို့ ခေါ်ယူချင်တယ်ဆိုတာနဲ့ပတ်သက်ပြီး မငြင်းလိုပါဘူး။ ကျွန်တော်တို့အနေနဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေကို အသင်းအတွက် ခေါ်ယူချင်ပါတယ်။ မက်ဆီနဲ့ ဘူးစကွက်စ်တို့က ဒီနှစ်ပိုင်း မှာ ကျွန်တော်တို့ အခေါ်ချင်ဆုံးကစားသမားတွေ ဖြစ်ပါတယ်။ တကယ်လို့ မက်ဆီသာ အင်တာမိုင်ယာမီကို ပြောင်းရွှေ့လာမယ်ဆိုရင် မေဂျာလိဂ်ပြိုင်ပွဲအတွက် အရမ်းကိုအကျိုးရှိမှာဖြစ်ပြီး လူတွေရဲ့စိတ်ဝင်စားမှုကိုလည်း ပိုမိုရရှိမှာဖြစ်ပါတယ်။ အင်တာမိုင်ယာမီအသင်းကို ကျွန်တော် စတင်ကိုင်တွယ်စဉ်ကတည်းက အသင်းတာဝန်ရှိသူတွေဟာ ရာမို့စ်၊ ဒန်နီအဲလ်ဗက်စ်၊ လီဝန်ဒေါစကီး၊ ဝီလီယံ၊ ဖာဘရီဂတ်စ်၊ ဆွာရက်ဇ်စတဲ့ နာမည်ကျော် ကစားသမားတွေကို ခေါ်ယူဖို့ စီစဉ်ခဲ့ပေမဲ့ အဆင်မပြေခဲ့ပါဘူး။ ကျွန်တော်တို့ အသင်းက ကမ္ဘာ့အကောင်းဆုံးကစားသမားတွေကို ခေါ်ယူဖို့ အမြဲတမ်းကြိုးပမ်းနေပြီး ဟီဂွါအင်၊ မာတွီဒီတို့လို ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့ပါတယ်။ အခုလည်း နာမည်ကျော်တွေကို ကျွန်တော်တို့ ခေါ်ယူချင်ပါတယ်"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
