ပရီးမီးယားလိဂ်ပွဲစဉ် (၂၅)
စပါး - ချယ်လ်ဆီး (တနင်္ဂနွေည ၈း၀၀ နာရီ)
အန်တိုနီယိုကွန်တီနဲ့ သောမတ်စ်တူဟယ်လ်တို့ရဲ့ ထိပ် တိုက်တွေ့ဆုံမှုတွေမှာ ပွဲဆူခဲ့ကြဖူးပေမဲ့ ဒီတစ်ကြိမ်တော့ အသွင်သစ်၊ ပုံစံသစ်ပါ။ ချယ်လ်ဆီးက ရလဒ်တွေ တော်တော် လေးဆိုးနေပြီး ခြေစွမ်းကတော့ မဆိုးဘူး။ ပြီးတော့ လူအင် အားက စပါးထက် အများကြီး ပိုတောင့်တင်းလာတယ်။ စပါး က နောက်ဆုံးကစားခဲ့တဲ့ (၅)ပွဲမှာ (၃)ပွဲနိုင်ခဲ့တယ်။ ဖူလ်ဟမ်၊ မန်စီးတီး၊ ဝက်စ်ဟမ်းတို့လို အသင်းတွေကို နိုင်ခဲ့တာ ဖြစ်ပြီး ရလဒ်ပိုင်းအရ ချယ်လ်ဆီးထက် ပိုအားကောင်းတယ်။ ဝက်စ် ဟမ်းနဲ့ ပွဲတုန်းက ကွန်တီက ဆွန်ကို အရန်ခုံမှာ ထိုင်ခိုင်းခဲ့ပြီး အရန်ခုံက ထလာတဲ့ ဆွန်က အကောင်းဆုံးပုံစံကို ပြခဲ့တယ်။ ဒီပွဲမှာလည်း ကွန်တီက ဆွန်ကို အရန်ခုံက ထလာတဲ့ ပုံစံကို ပဲ သုံးဖို့များတယ်။ တကယ်တော့ ချယ်လ်ဆီးက ရလဒ်တွေ မကောင်းပေမဲ့ ပွဲအများစုမှာ ချယ်လ်ဆီးကစားတာကောင်း ပြီး၊ စပါးထက်လည်း ပိုကောင်းတယ်။ ချယ်လ်ဆီးမှာ အဆိပ် ရှိတဲ့ ကစားသမားတွေလည်း ရှိနေတယ်။ ချယ်လ်ဆီး မရှုံး အောင်ကစားနိုင်ပါလိမ့်မယ်။
စပိန်လာလီဂါပွဲစဉ် (၂၃)
ဘီလ်ဘာအို - ဟီရိုနာ (တနင်္ဂနွေည ရး၃၀ နာရီ)
ဟီရိုနာရဲ့အဝေးကွင်းကစားပုံအားနည်းနေတတ်တာနဲ့ တော့ ဘီလ်ဘာအိုလိုအသင်းကို တောင့်ခံနိုင်ဖို့လွယ်မှာမဟုတ် ဘူး။ အစဉ်အလာတွေအရလည်း ဘီလ်ဘာအိုကို ဆမ်မာမီးစ်မှာ ယှဉ်နိုင်လေ့မရှိပါဘူး။ ဘီလ်ဘာအိုနဲ့ ဂိုးအနည်းပဲရွေးထားမယ်။
ဆယ်လ်တာဗီဂို - ဗယ်လာဒိုလစ် (တနင်္ဂနွေည ၉း၄၅ နာရီ)
ဒီနှစ်သင်းကအစဉ်အလာတွေအရ သရေပွဲတွေအဖြစ် များလေ့ရှိသလို လက်ရှိမှာလည်း ခြေစွမ်းပိုင်းကသိပ်မကွာလှ ဘူး။ ဗယ်လာဒိုလစ်ရဲ့ အဝေးကွင်းခံစစ်ပိုအားပြုကစားနေမှုကို ဆယ်လ်တာဗီဂိုရဲ့ အိမ်ကွင်းတိုက်စစ်က ဖိအားပေးပြီး ဂိုးတွေရ အောင်ကစားမှာလားပဲစောင့်ကြည့်ရမယ်။ ဂိုးနည်းသရေပွဲပါပဲ။
အယ်မယ်ရီယာ - ဘာစီလိုနာ (တနင်္လာနံနက် ၀၀း၀၀ နာရီ)
အစဉ်အလာတွေအရတော့ ဘာစီလိုနာက အယ်မယ်ရီ ယာကိုတွေ့တိုင်းနိုင်နေတဲ့အသင်းဖြစ်နေလို့ ဒီတစ်ပွဲလည်း သက်သောင့်သက်သာရှိနေဦးမယ်ထင်စရာပါပဲ။ အယ်မယ်ရီ ယာကလည်း ခုတလေခြေကျသလိုဖြစ်နေပြီး နောက်ဆုံး (၃)ပွဲဆက်အရှုံးပေါ်ထားသေးတယ်။ အိမ်ကွင်းကစားပုံမဆိုးလှပေ မဲ့ ခံစစ်ပိုင်းအားပျော့လာမှုက ဘာစီလိုနာအတွက်အခွင့်အရေး ကောင်းသလိုဖြစ်နေပြန်တယ်။ ဘာစီလိုနာကလည်း လာလီဂါ မှာနိုင်ပွဲဆက်နေပြီး အဝေးကွင်းပွဲတွေမှာတော့ ဂိုးသွင်းအား လျော့နေသလိုတွေ့ရတယ်။ နောက်ပြီး ဒီပွဲမတိုင်မီမှာ မန်ယူ အသင်းနဲ့ ယူရိုပါလိဂ် Knockout အဝေးကွင်းအဆုံးအဖြတ်ပွဲ စဉ်နွှဲထားရသေးလို့ အဲဒီပွဲရလဒ်က အခုအယ်မယ်ရီယာနဲ့ ပွဲ အပေါ် ရိုက်ခတ်မှုရှိလာနိုင်မလားဆိုတာလည်း သတိထားရမ လိုဖြစ်နေတယ်။ ဘာစီလိုနာတို့ ကပ်နိုင်ဖို့ပဲရှိလိမ့်မယ်။
ဆီဗီလာ - အိုဆာဆူနာ (တနင်္လာနံနက် ၂း၃၀ နာရီ)
ဆီဗီလာက နည်းပြ ဆမ်ပါအိုလီလက်ထဲမှာ တည်ငြိမ်မှု တစ်ခုပြန်ရလာနေတယ်။ အိမ်ကွင်းဆိုရင် ကစားပုံပိုမိုကျစ်လျစ် လာပြီး တိုက်စစ်ကလည်း ဂိုးတွေပြန်ရလာနေတယ်။ ဒါကြောင့် အခုပွဲမှာလည်း အိုဆာဆူနာတို့ အဝေးကွင်းမှာ ဘယ်လောက်အ ထိတောင့်ခံကစားနိုင်မှာလဲဆိုတာကပဲ အဓိကစဉ်းစားစရာလို ဖြစ်နေတယ်။ လက်ရှိခြေအရတော့ ဆီဗီလာရဲ့အိမ်ကွင်းအား ကို အိုဆာဆူနာတို့ တောင့်ခံကစားနိုင်ဖို့မရှိပါဘူး။ ဆီဗီလာပဲ ကြိုက်တယ်။ ဂိုးနည်းမယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
