မန်ချက်စတာယူနိုက်တက် - နယူးကာဆယ် (တနင်္ဂနွေည ၁၁း၀၀ နာရီ)
အမှတ်ပေးပြိုင်ပွဲနဲ့ မတူတဲ့ ဖလား ဗိုလ်လုပွဲတစ်ပွဲမှာ မန်ချက်စတာယူနိုက်တက်က ပိုကောင်းတဲ့အခြေအနေမှာ ရှိနေ တယ်ဆိုရင်တောင် နယူးကာဆယ်ကို လျှော့မတွက်သင့်ဘူး။ နယူးကာဆယ်က ခံနိုင်ရည်ရှိတယ်၊ မာကျောတယ်၊ စုစည်းမှု ကောင်းတယ်။ တစ်ပွဲကောင်း ကစားရမယ့် ပွဲမျိုးမှာ ခံစစ်ကို စနစ်တကျ ပိတ်ဆို့ကစားတတ်တယ်။ နယူးကာဆယ်ခံစစ်က ကြံ့ ခိုင်မှု၊ နားလည်မှု၊ ကျွမ်းကျင်မှု အားကောင်းတယ်။ ဖာဘီယန်ရှား-ဘော့တ်မန်းတို့အတွဲက ဒီရာသီ အကောင်းဆုံးနောက်ခံအ တွဲတွေထဲက တစ်ခုဖြစ်သလို၊ ဒန်ဘန်းနဲ့ ထရစ်ပီယာတို့ရဲ့ စိတ်ချယုံကြည်မှုကလည်း မန်ချက်စတာယူနိုက်တက်ကို မလွယ် ကူတဲ့ အတွေ့အကြုံကို ပေးလိမ့်မယ်။ မန်ချက်စတာယူနိုက်တက်ကွင်းလယ်က နယူးကာဆယ်ထက် ပိုအားကောင်းသလို၊ ဖန်တီးနိုင်စွမ်းလည်း မြင့်တယ်။ ဒါပေမဲ့ တစ်သင်းနဲ့ တစ်သင်းထိပ်တိုက်တွေ့တဲ့အခါ နယူးကာဆယ်ရဲ့ သရေကစားပုံကျွမ်း ကျင်မှု၊ ပြိုင်ဘက်ကို ခက်ခဲအောင်၊ ကျပ်သွားအောင် လုပ်နိုင်စွမ်းတွေက မန်ယူကို ဒုက္ခပေးလိမ့်မယ်။ ဒီပွဲက မိနစ် (၉၀)အ တွင်း အရှုံးအနိုင်မပေါ်တာမျိုးလည်း ဖြစ်သွားနိုင်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
