ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့မှ မြို့မျက်နှာဖုံး သူဌေးကြီး ဦးအားဖာသည် ပုံလွတ်မီးသဂြိုဟ်စက်မှအပြန် အာခါစျေး မီးပွိုင့်လမ်းဆုံတွင် ကားရပ်စဉ် အမည်မသိ လူနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သဖြင့် သေဆုံးခဲ့ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၉ ရက် မွန်းလွဲ ၁ နာရီခန့်တွင် တာချီလိတ်မြို့၊ ဝမ်လုံးအုပ်စု၊ လွယ်စတုံရွာ ၊ ပုံလို့ မီးသဂြိုဟ်စက်မှ နေအိမ်ပြန်လာစဉ် ၀ိန်းကျောက်ရပ်ကွက် အာခါစျေးမီးပွိုင့်လမ်းဆုံတွင် မီးနီမိသဖြင့် ကားရပ်စောင့်နေစဉ် ဆိုင်ကယ်အပြာရောင်တစ်စီး ကားနှင့်ဘေးချင်းယှဉ်၍ ရပ်လိုက်ပြီးနောက် ဆိုင်ကယ်စီး သေနတ်သမားနှစ်ဦးက အနီးကပ် ခြောက်ချက်ပစ်ခတ်ခဲ့သဖြင့် ဦးအားဖာ (၅၁ နှစ်) သည် နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။
အနီးကပ်သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် ဦးအားဖာတွင် ယာနားထင်သို့ ကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက်၊ ယာနံစောင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာ သုံးချက်၊ ယာဘက်ဝမ်းဗိုက်တွင် ကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက်၊ ယာဘက်လက်မောင်းတွင် ကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက် ရရှိခဲ့သဖြင့် တာချီလိတ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် ဆေးရုံအရောက် ၁ နာရီ မိနစ် ၂၀ တွင် သေဆုံးခဲ့သဖြင့် ဦးအားဖာအား သေနတ်ဖြင့် ပစ်ခတ်သူအား စုံစမ်းလျက်ရှိကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဇန်နဝါရီ ၂၉ ရက် ညနေပိုင်း ၅ နာရီအထိ တာချီလိတ် မြို့မရဲစခန်းမှ စခန်းမှူးနှင့် အဖွဲ့သည် ဆိုင်ကယ်အပြာရောင် စီး၍ လူသတ်မှုကျူးလွန်သူ သေနတ်သမားနှစ်ဦးအား ပိုက်စိတ်တိုက်ရှာဖွေလျက်ရှိကြောင်း စခန်းမှူးက ပြောကြားသည်။
“ဦးအားဖာက ပုံလို့ မီးသဂြိုဟ်စက်ကနေ ပြန်လာတယ်။ ၀ိန်းကျောက် ရပ်ကွက်၊ အာခါစျေး မီးပွိုင့်လမ်းဆုံ အရောက်မှာ ဆိုင်ကယ်အပြာရောင်၊ လူကို မမှတ်မိဘူး။
ဘေးချင်းယှဉ်ရပ်ပြီးတော့ သေနတ်နဲ့ ပစ်သတ်သွားတယ်။ ကားကတော့ နည်းနည်းထိတယ်ထင်တယ်။ သေနတ်မှန်သွားတော့ ဘေးကို ဆွဲချသွားတာလည်း ဖြစ်နိုင်တယ်။ အမှုဖွင့် အရေးယူထားတယ် ” ဟု တာချီလိတ်ရဲစခန်းမှ တာဝန်ကျရဲအရာရှိက ပြောကြားသည်။
အဆိုပါ ဦးအားဖာ မောင်းနှင်လာသော လင်ခရူဇာအဖြူရောင် မော်တော်ယာဉ်ရှေ့ခန်းတွင် မခင်မိုးလွင် ၊ ယာဉ်နောက်ခန်းတွင် အမျိုးသမီးသုံးဦး လိုက်ပါစီးနင်းလာကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ဦးအားဖာသည် မြို့မျက်နှာဖုံး သူဌေးတစ်ဦးဖြစ်ပြီး ဦးအားဖာ (တပင်ရွှေထီး) အဖြစ် လူသိများကြောင်း၊ တာချီလိတ်မြို့တွင် ထိပ်တန်းချမ်းသာသော သူဌေးတစ်ဦး ဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
တာချီလိတ်မြို့မှ မြို့မျက်နှာဖုံးသူဌေးကြီး ဦးအားဖာ ပုံလွတ်မီးသဂြိုဟ်စက်မှအပြန် အာခါစျေး မီးပွိုင့်လမ်းဆုံတွင် ကားရပ်စဉ် အမည်မသိ လူနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သဖြင့် သေဆုံးမှုနှင့်ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၅၀/၂၀၁၉ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
