Top News

မောင်တောမြို့နယ် မင်္ဂလာကြီးချောင်းဝအနီးတွင် စိတ်ကြွရူးသွပ်ဆေးပြား သုံးသိန်းကျော် ပိုင်ရှင်မဲ့ဖမ်းဆီးရမိ
24htopnews | November 27, 2024 6:12 PM CST

မောင်တောမြို့နယ် မင်္ဂလာကြီး ချောင်းဝအနီးတွင် စိတ်ကြွရူးသွပ်ဆေးပြား သုံးသိန်းကျော် ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ  ဇန်နဝါရီ ၂၈ ရက် နံနက် ၇ နာရီခွဲခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး ဆောင်ရွက်နေစဉ် နယ်မြေ(၅)၊ မင်္ဂလာကြီးချောင်းဝအနီး မသင်္ကာဖွယ် လောင်းလှေတစ်စင်းအား အမျိုးသားနှစ်ဦး(စိစစ်ဆဲ)မှ လှော်ခတ်နေသည်ကို တွေ့ရှိသဖြင့် စစ်ဆေးရန်အချက်ပြခေါ်ယူသော်လည်း လာရောက်ခြင်းမရှိဘဲ တစ်ဖက်နိုင်ငံ ရေပိုင်နက်အတွင်း ကူးခတ်ထွက်ပြေးသွားသဖြင့် လှေအားပူးပေါင်းအဖွဲ့ဖြင့် သိမ်းဆည်းရမိစစ်ဆေးရာWY/R စိတ်ကြွရူးသွပ်ဆေး ပြား ၃၀၂၂၅၀ ပြား (တစ်ပြားလျှင် ကျပ်၂၀၀၀  နှုန်းဖြင့် သိန်းပေါင်း၆၀၄၅)အား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမှုနှင့်ပတ်သက်၍  ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပြီး ကွင်းဆက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။                         


READ NEXT
Cancel OK