Top News

ဧရာဝတီမြစ်ဆုံဆည်ရပ်ဆိုင်းပေးရေး ပြည်ခရိုင်တွင်း ခြောက်မြို့နယ်မှ ဒေသခံ ၃၀၀ ခန့် ပြည်မြို့တွင် ဆန္ဒထုတ်ဖော်
24htopnews | November 27, 2024 6:12 PM CST

ဧရာဝတီမြစ်ဆုံဆည် ရပ်ဆိုင်းပေးရေး ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည် ခရိုင်တွင်း မြို့နယ်ခြောက်မြို့နယ်မှ ဒေသခံ ၃၀၀ က ပြည်မြို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

အဆိုပါဆန္ဒထုတ်ဖော်မှုကို ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းက ပြည်မြို့ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီး ကျောက်ရုပ်အနီး ပလက်ဖောင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လူထုသဘောထား လက်မှတ်ကောက်ခံခြင်း၊ လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“မြစ်ဆုံဆည် ဒုတိယအကြိမ်ပြန်လည် အသံကြားမိအပေါ် တကယ်လို့တရုတ်အစိုးရပေါ့။ တရုတ်လူမျိုးကို တိုက်ခိုက်နေတာမဟုတ်ဘူး ကန့်ကွက်နေတာမဟုတ်ဘူး။ တရုတ်အစိုးရက ချပေးထားတဲ့ ကုမ္ပဏီကိုပြောနေတာ။ အရင့်အရင်ကစစ်အာဏာရှင်နဲ့ လက်မှတ်ရေးထိုး ချုပ်ဆိုထားတဲ့အရာတွေက ပြည်သူလူထုအနေနဲ့ ဘာတစ်ခုမှ ချပြခြင်းမရှိဘဲ တိတ်တိတ်လေးရေးဆွဲထားတဲ့ စာချုပ်စာတမ်းတွေနဲ့ မြန်မာပြည်အထက်ပိုင်းမြစ်ဆုံကြီးကို ရောင်းစားနေတာကို ပေါ်လာအောင် ကျွန်တော်တို့တွေ ချပြနေခြင်းဖြစ်တယ်။ ဒီအပေါ်မှာ ပြည်သူလူထုဆန္ဒတွေခံစားချက်တွေကို ချပြနေခြင်းဖြစ်တယ်။ ဒါပြည်သူလူထု သဘောထားအမှန်ပဲ” ဟု မြစ်ဆုံဆည်ရပ်ဆိုင်းရေး ဦးဆောင်ဆန္ဒထုတ်ဖော်သူ တစ်ဦးဖြစ်သည့် ငြိမ်းချမ်းပါစေ မြန်မာပြည်ကွန်ရက်မှ ဦးညီက ပြောကြားသည်။

ဆန္ဒထုတ်ဖော်ရာတွင် မြစ်ဆုံဆည်စီမံကိန်းအပြီး တိုင်ဖျက်သိမ်းပေးရေး ဒို့အရေး၊ ဧရာဝတီမြစ် ဆက်လက်ရှင်သန်ရေး ဒို့အရေး၊ CPI ကုမ္ပဏီအလိုမရှိ၊ ကြွေးကြော်သံများ၊ ဗီနိုင်းပိုစတာများကိုင်ဆောင်ကာ ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်တွင် မြို့နယ်၊ အဖွဲ့အစည်းအလိုက် သဘောထားများပြောကြားခြင်း၊ ကဗျာရွတ်ဆိုခြင်းတို့ကို ပြုလုပ်ခဲ့ပြီး ဗိုလ်ချုပ်လမ်းတစ်လျှောက်၊ မြောက်စောင်းတန်းလမ်း၊ စစ်ကဲလမ်း၊ လမ်းမတော်၊ အနောက်စောင်းတန်းလမ်း၊ ကမ်းနားလမ်းတို့တွင် လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကာ ဧရာဝတီမြစ်ကမ်းဘေးတို့တွင် စုပေါင်းဓာတ်ပုံရိုက်ဟောပြောခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

“မြစ်ဆုံကတော့ ကျွန်တော်တို့က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတဲ့သူတစ်ယောက်အနေနဲ့ကော မြစ်ဆုံပူတာအိုထိစက် ဘီးစီးခဲ့သူတစ်ယောက်အနေနဲ့ကော ဧရာဝတီရဲ့ ဂေဟစနစ်ကော မြန်မာပြည်အပေါ် ပိုင်းကနေဖြတ်တုတ်လိုက်ရင် အောက်ပိုင်းမှာ ဒုက္ခရောက်ကုန်မယ်။ ဒါကြောင့်မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ရင် ကန့်ကွက်တယ်။ လုံးဝကန့်ကွက်တယ်။ မြစ်ဆုံဆည်စီမံကိန်း အကောင်ထည်ဖော်လိုက်ရင် ပြည်သူတော်တော်များများက လက်ခံမှာမဟုတ်ဘူး။ ပြည်သူလူထုတွေကို ပြောချင်တာကလည်း အကုန်ဝိုင်းဝန်း လက်တွဲပြီးကန့်ကွက်ကြပါလို့” ဟု ရန်ကုန်မှ မြစ်ဆုံနှင့်အခြားဒေသများသို့ စက်ဘီးစီးနေသူ ဇီးကုန်းမြို့မှ ကိုထိုက်က ပြောကြားသည်။

အဆိုပါ လှုပ်ရှားမှုများအား ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းတို့ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ပုသိမ်မြို့တွင် ဇန်နဝါရီ ၂၈ ရက်က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း၊ လူထုသဘောထားဆန္ဒကောက်ခံခြင်းများကို ကမ်းနားသောင်ခုံနှင့် ပြည်လူငယ့်ရိပ်မြုံတွင် ဇန်နဝါရီ ၂၉ ရက် တစ်နေ့လုံးကောက်ခံနေမည်ဖြစ်ကာ နောက်ရက်များတွင်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းအလိုက် လက်မှတ်ရေးထိုးနိုင်ပြီး ရရှိလာသည့်လက်မှတ်ထိုးစာရင်းများကို အစိုးရထံပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။                        

 


READ NEXT
Cancel OK