၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းများကို စောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရန် NLD ပါတီမှ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က အရေးကြီးအဆိုတစ်ရပ် တင်သွင်းထားကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောကြားသည်။
နေပြည်တော်၌ ဇန်နဝါရီ ၂၉ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့တွင် အဆိုပါအရေးကြီးအဆိုကို တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း လွှတ်တော်နာယကက ပြောကြားခဲ့ခြင်း ဖြစ်သည်။
" ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများကို စောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ် သင့်လျော်သည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရန် ပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်းကြောင်း ဖြစ်ပါတယ်။ တင်ပြပါ အရေးကြီးအဆို တင်သွင်းခြင်းနဲ့ လက်ခံဆွေးနွေးရန် လွှတ်တော် သဘောတူညီချက် ရယူခြင်းအစီအစဉ်ကို ယနေ့ပုံမှန် အစည်းအဝေး အစီအစဉ်များအပြီးမှာ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ကြိုတင်အသိပေး ကြေညာပါတယ်" ဟု လွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောကြားသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းအရ လွဲမှားနေသည်ဟု ယူဆသည့်အတွက် စဉ်းစားဆောင်ရွက်ပေးရန် တင်ပြကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က ပြောကြားသည်။
"ဦးအောင်ကြည်ညွှန့် ပေးပို့ထားတဲ့ အရေးကြီးအဆိုနဲ့ ပတ်သက်ပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၄၃၃ မှာလည်း လုပ်ထုံးလုပ်နည်း ပေးထားပါတယ်။ ဒါကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် တင်သွင်းသော ဥပဒေကို ဥပဒေမူကြမ်းအဖြစ် တင်သွင်းရမယ်ဆိုပြီး ပေးထားပါတယ်။ အလားတူပဲ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေတွေမှာလည်း လုပ်ထုံးလုပ်နည်းတွေ ပေးထားပါတယ်။ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၆၇(က)မှာ ပေးထားပါတယ်။ အဓိကကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်ဆိုရင် ပေးထားတဲ့ လုပ်ထုံးလုပ်နည်းတွေအရ လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံး ၂၀ လက်မှတ်ထိုးထားတဲ့ ဥပဒေမူကြမ်းအဖြစ်နဲ့ တင်သွင်းပြီးမှ ဆက်ပြီး လုပ်ရမှာ ဖြစ်ပါတယ်။ အခုက ကော်မတီ ဖွဲ့လိုက်တယ်ဆိုတော့ ဘာတွေကို ပြင်မှာလဲ ဘာတွေကို ပြင်ဖို့အတွက် တင်သွင်းမှာလဲဆိုတဲ့ အကြောင်းအရာကို မသိရပါဘူး။ ပြင်မယ့်ဟာကို ဥပဒေမူကြမ်းအဖြစ်နဲ့ တင်သွင်းပြီးမှာ ဆက်စပ်လေ့လာပြီးမှ ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ လုပ်ထုံး လုပ်နည်းအရ လွဲမှားနေတယ်လို့ ယူဆတဲ့အတွက် စဉ်းစား ဆောင်ရွက်ပေးဖို့ တင်ပြအပ်ပါတယ်" ဟု ပြန်လည်ပြောကြားခဲ့သည်။
NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းများကို စောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရန်ကိစ္စအား လွှတ်တော် အစီအစဉ်အပြီးတွင် ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
