အဂတိလိုက်စားပြီး တရားစီရင်နေသည်ဟုဆိုကာ ရေနံချောင်းမြို့နယ်တရားသူကြီးအား ရေနံချောင်းမြို့နယ် လွန်ပင်ရှိုကျေးရွာ ဒေသခံပြည်သူအချို့က ဇန်နဝါရီ ၂၅ ရက် နေ့ကစတင်၍ ရေနံချောင်းမြို့ မြို့နယ်တရား ရုံးရှေ့တွင်နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအတွင်း ငါးရက်ဆက်တိုက် ဆန္ဒပြလျက်ရှိကြောင်း သိရသည်။
ရေနံချောင်းမြို့နယ် မကျီးကန်ကျေးရွာအုပ်စု လွန်ပင်ရှိုကျေးရွာ၏ ရွာခွဲတာဝန်ခံအဖြစ် ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင်မကျီးကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဦးသန်းမိုး နှင့် ဦးစိန်မောင်ညွန့်တို့အား လွန်ပင်ရှိုကျေးရွာ ဘုုံပိုုင်အဝီစိစက်ရေတွင်းက သံပိုုက်များအားကိုယ်ကျိုးအတွက် သုံးသည်ဟုဆိုကာ ထိုကျေးရွာနေ ဦးကြီးလေးက ၂၀၁၇ ခုုနှစ် ဒီဇင်ဘာလပိုင်းက အမှုဖွင့်တရားစွဲဆိုခဲ့ကြောင်း သိရသည်။
ရာဇသက်ကြီး ဥပဒေပုုဒ်မ ၄၀၉ ဖြင့် တရားစွဲခဲ့သည့် အဆိုပါအမှုမှ ဦးစိန်မောင်ညွန့်သည် ကင်းလွတ်ခဲ့ပြီး ဦးသန်းမိုးအား ရာဇသက်ကြီး ဥပဒေပုဒ်မ ၄၀၆ ဖြင့် ဆက် လက်စစ်ဆေးခဲ့ကြောင်း၊ ထို့နောက် ဇန်နဝါရီ ၂၂ ရက်က ဦးသန်းမိုးတွင် အပြစ်မရှိဟုဆိုကာ ရေနံချောင်းမြို့နယ် တရားရုံးမှ တရားသူကြီး ဦးရာဇာမင်းစိုးက အမိန့်ချခဲ့ကြောင်း ယင်းသို့ အမိန့်ချခဲ့ခြင်းသည် အဂတိတရားမကင်းဘဲ အမိန့်ချခဲ့ခြင်းဖြစ်သည်ဟုဆိုကာ လွန်ပင်ရှို ကျေးရွာနေ ပြည်သူအချို့က ဇန်နဝါရီ ၂၅ ရက်နှင့် ၂၈ ရက်များတွင် ဆန္ဒပြခဲ့ကြပြီး ဇန်နဝါရီ ၂၉၊ ၃၀၊ ၃၁ ရက်များတွင်လည်း ဆက်လက်ဆန္ဒပြကြမည်ဖြစ်ကြောင်း သိရသည်။
]ကျွန်တော်ဆန္ဒပြရခြင်းက ပြည်သူတွေအားလုံးကို အရည်အသွေးမြင့်သော တရားစီရင်ရေးဖြစ်ဖို့ရယ်၊ သမ္မတကြီးပြောထားတဲ့ တရားရေးမဏ္ဍိုင်တည့်မတ်ဖို့ရယ်၊ ကျွန်တော်တို့ အတိုင်ပင်ခံပုဂ္ဂိုလ် မျှော်လင့်ထားတဲ့လူ တိုင်းလူတိုင်း အခွင့်အရေးရဖို့ရယ်၊ ဒါကိုကျွန်တော်က စိတ်ချယုံကြည်စွာဖြင့် ပွင့်လင်းမြင်သာအောင် ဆန္ဒပြခြင်းဖြစ်ပါတယ်”ဟုလွန် ပင်ရှိုကျေးရွာ ရွာခွဲတာဝန်ခံအား တရားစွဲခဲ့ပြီး ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် ဦးကြီးလေးက ပြောကြားသည်။
အဆိုပါဆန္ဒပြပွဲကိုဦးဆောင်ခဲ့သည့် လွန်ပင်ရှိုကျေးရွာမှ ဦးသန်းဇော်က “ဦးသန်းမိုးကိုရဲနဲ့ ဥပဒေအကြံပေးက စွဲဆိုထားတာက ရာဇသက်ကြီးဥပဒေပုဒ်မ ၄၀၉ နဲ့ အမှုပေါ် ပေါက်တယ်ဆိုတာ ကျွန်တော်တို့ ထင်ထင်ရှားရှား သိရပါတယ်။ ဘာလို့အမှုပေါ်ပေါက်လဲဆို လွန်ပင်ရှိုကျေးရွာမှာ အများပြည်သူပိုင်စက်ရေတွင်းပိုက်တွေကို ကိုယ်ကျိုးစီးပွားအတွက် ရောင်းစားထားလို့ ရာဇသက်ကြီး ဥပဒေပုဒ်မ ၄၀၉ နဲ့ ငြိစွန်းတယ်လို့ ဥပဒေအရာရှိတွေရဲ့ စွဲချက်တွေအရ ကျွန်တော်တို့ သိရပါတယ်။ ဒါပေမဲ့ တရားသူကြီး ဦးရာဇာမင်းစိုးက ၄၀၉ မမြောက်လို့ဆို ၄၀၆ ကို ပြောင်းချခဲ့ပါတယ်။ ၄၀၆ ကိုနောက်ဆုုံးအမိန့် ချတော့လည်း ဦးသန်းမိုးကို အမိန့်မချမီ ပြောတဲ့စကားလုံး ရှိပါတယ်။ ခင်ဗျားတို့ဆီက ကျုပ်ငွေတစ်ကျပ်မှ ယူထားတာမရှိဘူးလို့ တရားသူကြီးက တရားခွင်မှာပြောခဲ့ပါတယ်။ ဒါကြောင့်မလို့ ဒီအမှုမှာ ကျွန်တော်တို့မကျေနပ်လို့ ဆန္ဒပြတာပါ။ အဂတိလိုက်တယ်ဆိုတာလည်း လုံးဝထင်ရှားနေပါတယ်” ဟုု ပြောကြားသည်။
ရေနံချောင်းမြို့နယ် တရားသူကြီး ဦးရာဇာမင်းစိုးက “ဆန္ဒပြတာကတော့သူတို့ရဲ့အခွင့်အရေးပဲလေ။ သူတို့ရဲ့အခွင့်အရေးကို သူတို့ပြတာဖြစ်တဲ့အတွက် ကျွန်တော်တို့ ဘာမှပြောစရာမရှိဘူး။ ကျွန်တော်တို့ ရေနံချောင်းမြို့နယ် တရားရုံးအနေနဲ့ကတော့ တရားစီရင်ရေးလမ်းကြောင်းအတိုုင်း ဥပဒေလုပ်ထုံးလုပ်နည်းများနဲ့အညီပဲ ဆောင်ရွက်နေတာဖြစ်ပါတယ်။ အခြားတော့မရှိပါဘူး” ဟုု မီဒီယာများသိုု့ ပြောကြားသည်။
အဆိုပါဆန္ဒပြပွဲ ပထမနေ့တွင် လွန်ပင်ရှိုကျေးရွာက ဒေသခံပြည်သူ ၄၀ ကျော်ခန့် ပါဝင်ခဲ့ပြီး ဇန်နဝါရီ ၂၈ ရက် ဒုုတိယနေ့တွင် ဒေသခံပြည်သူ ၁၀ ဦးကျော် ပါဝင်ခဲ့ကြောင်း ဆန္ဒပြသူများသည် ရေနံချောင်းမြို့နယ်တရား ရုံးရှေ့မျက်နှာချင်းဆိုင် လမ်းမနံဘေးတွင် “ရေနံချောင်းမြို့နယ် တရားရုံးမှာ တရားဥပဒေစိုးမိုးရေးဆိုတာ မရှိပါ။ အဂတိလိုက်ပြီး တရားစီရင်နေသော ရေနံချောင်းမြို့နယ် တရားသူကြီး ရာဇာမင်းစိုးအား တာဝန်မှဖယ်ရှားပေးရေး တို့အရေး” စသည့် စာသားများပါ ဗီနိုင်းဆိုင်းဘုတ်ကို စိုက်ထူထားကြောင်း ယင်းဆန္ဒပြပွဲအတွက် ဥပဒေနှင့် အညီရေနံချောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးထံ ဇန်နဝါရီ ၂၂ ရက်က စာတင်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
